Zawgyi
ကျွန်တော့်အခြေအနေပုံမှန်ဖြစ်တာနဲ့ Daddy ပြန်သွားတယ်။ မိဘတွေအကြောင်းပြောဖို့လာတာကို ရန်ဖြစ်တဲ့ကိစ္စနဲ့တန်းတိုးစေမိတဲ့ကျွန်တော်က သိပ်ဆိုးတာပဲဆိုပြီးတောင် စနောက်ပြောဆိုသွားသေးတာဖြစ်တယ်။ ဒုတိယအကြိမ် ခွဲခွာခြင်းမှာတော့ Daddyရော၊ ကျွန်တော်ပါ တည်ငြိမ်ခြင်းတွေ ငြိတွယ်လို့။ ပြောစရာစကားတွေ ကင်းမဲ့နေတယ်။ ခပ်ကြာကြာလွမ်းရမယ့် မျက်ဝန်းတစ်စုံကို တ၀ကြီးငေးမောလို့ အားပါးတရပဲ ဖက်တွယ်ဖြစ်သွားတယ်။
Daddyပြန်သွားပြီးတဲ့ နောက်ရက်မှာ ကျောင်းပြန်တက်တယ်။ လွန်ခဲ့တဲ့တစ်ပတ်က ဘာမှမဖြစ်ခဲ့သလိုမျိုး၊ ၀မ်ရိပေါ်ဆိုတာကို ခပ်ချောချော အာရှသားတစ်ယောက်အပြင် ဘာမှအာရုံထားစရာမလိုတာမျိုး။
ခန့်မှန်းချက်နဲ့ တော်တော်လေးကွာခြားနေတာကို ကျောင်းဝင်းထဲရောက်မှသတိထားမိတယ်။ စီးနေကျ စက်ဘီးလေးကို ရပ်နေတုန်း ကောင်မလေး၂ယောက်ရောက်လာတယ်။
" ယူက ၀မ်ရိပေါ်မလား။ "
Daddyစီးနေကျစက်ဘီးလေးမို့၊ Daddyအပိုင်မို့ ထိခိုက်ပျောက်ရှတာမျိုးမဖြစ်စေချင်တာကြောင့် သေချာသော့ခတ်ရင်း တစ်ဖက်က ကောင်မလေးရဲ့ မေးခွန်းကို ခေါင်းတစ်ချက်ငြိမ့်ပြလိုက်တယ်။
" အဲဒါသူပဲလေ.... ၀မ်ရိပေါ်။ "
" Wow!! အာရှသားလေးက ချောသားပဲ။ "
" စက်ဘီးစီးလာတာလား။ သူ့အခြေအနေနဲ့ တကယ်ကြီး စက်ဘီးပဲစီးတာလား။ "
ကျွန်တော့်ဆီကို တိုက်ရိုက်ပြောနေတာမျိုးမဟုတ်ပေမယ့် သက်ဆိုင်နေတဲ့အဓိကလူက ကျွန်တော်ဖြစ်နေတဲ့ အကြောင်းအရာတွေကို မကြားသလို ဟန်ဆောင်ရင်း...။
" လာမယ့်Suandayကျရင် တို့မွေးနေ့ပါတီရှိတယ်။ ယူကိုဖိတ်ချင်လို့။ "
" Sorry... ကျွန်တော်မအားဘူး။ "
လာမယ့် Suandayမှာ ကျွန်တော်မအားဘူး။ သင်တန်းတစ်ခုတက်စရာရှိသေးတယ်။
" ဘာလို့လဲ... ယူအားတဲ့အချိန်မှ လာလဲရတယ်။ တို့စောင့်နိုင်ပါတယ်။ "
မျှော်လင့်ချက်တွေနဲ့ ပြည့်နေတဲ့ သူမရဲ့စိမ်းပြာရောင်မျက်လုံးတွေက သိပ်လှတယ်လို့ ရုတ်တရက်တွေးလိုက်မိတယ်။ တစ်စုံတစ်ယောက်ရဲ့ အညိုရောင်မျက်ဝန်းတွေကို မမီပေမယ့်ပေါ့။
YOU ARE READING
Falling Leaves To Their Roots
FanfictionThe leaves of the tree always return to their roots.