Zawgyi
အိပ်မပျော်တဲ့ညမို့ သိပ်ကိုညတာရှည်တယ်။ မနက်ခင်းမှာတော့ ပင်ပန်းမှုနဲ့အတူ နိုးထလာရတယ်။ အဆင်မပြေမှုတွေနဲ့ပဲ ကျောင်းကိုထွက်လာခဲ့တယ်။ တစ်ခုခုမှာ အာရုံစိုက်နေရင် နာကျင်စရာတွေက မေ့ပျောက်ကောင်းရဲ့။
အတန်းချိန်ပြီးတော့ အိမ်မပြန်ချင်သေးတာမို့ စကိတ်စီးဖို့ ထွက်လာလိုက်တယ်။ Brian မရှိတော့ နားအေးတယ်လို့ တွေးမိသေးရဲ့။
" Hey...ရိပေါ် အာရုံစိုက်ထားလေ။ တအားဖိအားမများနဲ့။ "
360°လှည့်တဲ့အကွက်ကို လေ့ကျင့်နေတာ နည်းနည်းလေးမှ အာရုံမရ။ အရင်နေ့တွေက ရလုနီးပါးတောင်ဖြစ်နေတာ။ အခုမှ အလွဲလွဲ အချော်ချော်။ ဒါကြောင့် ကျွန်တော့်ကို စီနီယာကလဲ သတိပေးနေပြီ။
မတော်တဆမဟုတ်ပါဘဲ ရည်ရွယ်ချက်ရှိရှိနဲ့ကို ကျွန်တော့်ဘ၀ထဲက ဆွဲထုတ်သွားခံရတဲ့ ပါးနဲ့မား။ ဘာတွေများ ရန်ငြှိုးရှိနေသလဲ။ ဘာအတွက်ကြောင့် အခုလို သေစေရတဲ့အထိ ဖြစ်ရတာလဲ။ အဲဒီလူက လူ့အသက်ကိုတောင် တန်ဖိုးမထားတတ်တာများလား။
" အာ့!!! "
အာရုံစိုက်လို့မရတဲ့အထဲ အတွေးတွေကပါ ပျံ့နှံ့လေတော့ ခန္ဓာကိုယ်မထိန်းနိုင်ဖြစ်ပြီး ခြေချော်ကာ လဲကျသွားတယ်။ စီနီယာတွေက မြင်လို့ ပြေးလာကြပေမယ့် သူတို့ရောက်မလာခင် မတ်တပ်ရပ်ကြည့်တယ်။ ပြန်လဲကျသွားတယ်။ ခြေထောက်ခေါက်သွားပြီ။
" ရိပေါ်!! အဆင်ပြေရဲ့လား။ မတ်တပ်မရပ်နိုင်ဘူးထင်တယ်။ ဆေးခန်းလိုက်ပို့မယ်။ "
" ရ...ရပါတယ် စီနီယာ။ ဆေးခန်းထိသွားဖို့မလိုပါဘူး။ ခဏနားလိုက်ရင် သက်သာသွားမှာ။ "
" Okလေ။ ဒါဆို ပြန်နားလိုက်တော့။ ပျောက်ပြီဆိုမှ ထပ်လေ့ကျင့်ပေါ့။ "
" ဟုတ်။ "
" ဒါနဲ့ ဘယ်လိုပြန်မှာလဲ။ အပို့အကြိုနဲ့လား။ ကိုယ့်ဘာသာလာတာလား။ "
" ကိုယ်ဘာသာလာတာပါ။ "
" ငါတို့လိုက်ပို့မယ်လေ။ ဒီပုံစံအတိုင်းဆိုရင် မင်းတစ်ယောက်ထဲ ပြန်ဖို့ရာက အဆင်မပြေလောက်ဘူး။ "
YOU ARE READING
Falling Leaves To Their Roots
FanficThe leaves of the tree always return to their roots.