အပိုင်း (2) Uni/Zawgyi

20K 548 8
                                        

ရူးရူးမူးမူး ရင်ထဲကဦး
အပိုင်း(2)

"ဘာလို့ကြာနေတာလဲ"

နေသူရိန် ကားထဲဝင်လာသောယူနစ်အားမေးလိုက်သည်။

"ရော့ ဆေးတော့ဝယ်ခဲ့ပြီမင်းဘာမင်း လိမ်း တအားအလုပ်ရှုပ်တဲ့ကောင်"

ယူနစ် ကားစက်နှိုးလိုက်၍ နောက်ကြည့်မှန်မှတစ်ဆင့် သူပေးခဲ့သော ပလာစတာလေးအားကြည့်ကာ အခုထိနေရာမရွေ့ရပ်နေသော ထိုကောင်မလေးအားမြင်လိုက်ရသည်။

ယူနစ်လည်း နေသူရိန်အား အိမ်ပြန်ပို့ပေးဖို့ကားပြန်ကွေ့လိုက်၏။

စတိုးဆိုင်ရှေ့မှာ ရပ်ထားသော Taxiတစ်စီးတွေ့လျှင် ယူနစ် ဟွန်းတီးလိုက်ပြီး Taxiသမားက သူတို့ကားအနားသို့ရောက်လာသည့်အခါ

"ရှေ့နားက ရဲစခန်းရှေ့မှာ ဂျာကင်အနက်ရောင်နဲ့ ကောင်မလေးတစ်ယောက်ရှိတယ် အိမ်ပြန်ပို့ပေးလိုက် ရော့!"

ယူနစ် ကားမှန်တံခါးမှတစ်ဆင့် ၅ထောင်တန်တစ်ရွက်ထုတ်ပေးလိုက်သည်။

ထို့နောက် ကိုယ့်လမ်းကိုဆက်မောင်းသွားသော ယူနစ်အား နေသူရိန် ကပြူးကြည့်ပြီး

"မင်းဘာတွေလုပ်နေတာလဲ"

"ဘာလုပ်လို့လဲ"

"ခုနက ဘယ်သူ့ကို အိမ်ပို့ခိုင်း....ဟိုကောင်မလေးလား "

"ဘယ်သူဖြစ်ဖြစ် မင်းအိမ်ရောက်ဖို့ အရေးကြီးတယ် "
ယူနစ် စကားနောက်မှာ နေသူရိန်လည်းငြိမ်သွား၏။

*-*-*-*-*-*-*-*-*-*-*-*-*-*-

မိုင်းလည်းရဲစခန်းရှေ့ကနေ ထွက်လာပြီးနောက် သူမဘေးကနေ လိုက်လာတဲ့ကားတစ်စီးကြောင့် ခြေလှမ်းတို့ရပ်တန့်သွားသည်။

"ဒီက တူမလေး"

မိုင်း လှည့်ကြည့်လိုက်ရာ Taxiမောင်းတဲ့ လူကြီးသည်။

"ဒီကတူမလေး ကိုအိမ်ပြန်ပို့ပေးဖို့ လူတစ်ယောက်ကပြောသွားတယ်"

"ဟင်? ဘယ်သူကလဲ "

"ဦးလေးကို ကားခပါတစ်ခါတည်းပေးထားခဲ့တာ ကားပေါ်တက်ပါ တူမလေး "

မိုင်း ဒီလိုအချိန်မတော်ညကြီးမှာ တွေ့ကရ Taxiပေါ် တက်မစီးသင့်ဘူးဆိုတဲ့အချက် ကသတိပေးနေတာမို့

ရူးရူးမူးမူး ရင်ထဲကဦး (Completed) OCWhere stories live. Discover now