အပိုင်း (4) Uni/Zawgyi

16.2K 498 17
                                        

ရူးရူးမူးမူး ရင်ထဲကဦး
အပိုင်း(4)

မိုင်း ဗီရိုထဲကနေ အနက်ရောင်ဘောင်းဘီတိုလေးနှင့် ခေါင်းစွတ်ပါသော အင်္ကျီလက်ရှည်အားရွေးထုတ်လိုက်သည်။

ဂုတ်ပေါ်ဝဲနေသောဆံပင်တွေကို ဖိသပ်လိုက်ပြီး ကိုယ်လုံးပေါ်မှန်ထဲမှာထင်ဟပ်နေသော သူမပုံရိပ်ကိုကြည့်ကာကျေနပ်စွာပြုံးလိုက်၍
အခန်းထဲကထွက်လာသည်။

"မိုင်းလေး နိုးပြီလား အန်တီပေါင်မုန့်မီးကင်ထားတယ် စားသွားပါလား"

"တော်ပြီ အန်တီ ဒီနေ့ ကြူးနဲ့ချိန်းထားလို့ သူနဲ့ပဲစားလိုက်တော့မယ် သွားပြီ"

မိုင်း ရှူးဖိနပ်အနက်ကလေးအား လျှိုစီးပြီး ထွက်သွား၏။

*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-

ယူနစ် မနေ့ညက အဖွားအိမ်မှာအိပ်လိုက်ရပြီး
နိုးလာလျှင်နိုးလာချင်း ဖုန်းထဲကနာရီကိုကောက်ကြည့်လိုက်ရာ

"ဟာ!!!"

မနေ့ကပဲ ကိုယ်တိုင် အစည်းအဝေးနေရာကို ပြောင်းခိုင်းလိုက်ပြီ အခုတော့ ကိုယ်တိုင်ပဲနောက်ကျတော့မည်ထင်ပါရဲ့။

ကိုယ့်အိမ်မှာမဟုတ်တော့ Alarmပေးဖို့မေ့ကာအိပ်ပျော်သွားသည်မှာအတော်ဆိုးသည်။

ယူနစ် ဆံပင်တွေကို ကုပ်ဖွလိုက်ပြီး
ချက်ချင်းပဲ ရေချိုးခန်းထဲပြေးဝင်သွား၏။

တော်သေးတာပေါ့ ကိုယ့်ပစ္စည်းတွေအားလုံး တိုက်ခန်းကိုသည်မသွားဖြစ်ခဲ့လို့ ဗီရိုဖွင့်ကာ ကျန်ရစ်ခဲ့သည် တစ်စုံတည်းသောအနောက်တိုင်းဝတ်စုံ အား လျှိုဝတ်လိုက်ရာ

ဟူး....ဘာလို့ ဒီတစ်စုံအိမ်မှာထားခဲ့ရသလဲမှတ်တယ် ကြပ်နေတာပဲ

မတတ်နိုင်ဘူး အင်္ကျီ​ပြန်လဲချိန်မှမရတာ
ယူနစ်လည်း ကိုယ်နှင့်ကွက်တိကျကာ အနည်းငယ်ကြပ်နေသော ရှပ်အင်္ကျီကို စိတ်အိုက်သော်လည်းအောင့်အီးဝတ်ခဲ့ရ၏။

"အား...ဘောင်းဘီ ကြယ်သီးတပ်လို့ရတာ တော်သေးတယ်မှတ်ရမယ် ဟူး"

အခုမှရေချိုးပြီးတာ ချက်ချင်း ချွေးပြန်လာ၏။

နက်ခ်တိုင် တပ်ဖို့ ပြင်ပြီးမှ နက်ခ်တိုင်သာ ထပ်တင်ရင် လည်ပင်းအစ်လို့ သေတော့မယ်။

ရူးရူးမူးမူး ရင်ထဲကဦး (Completed) OCМесто, где живут истории. Откройте их для себя