အပိုင်း (23) Uni/Zawgyi

18.1K 411 5
                                        

ရူးရူးမူးမူး ရင်ထဲကဦး
အပိုင်း(23)

ယူနစ်စကားကိုကြားရသည်နှင့် မိုင်းသည်ယူနစ်နဲ့အတူတစ်ခုံတည်းထိုင်နေရာမှ ဘေးဖယ်၍မတ်တပ်ရပ်လိုက်သည်။

"ခင်ဗျားကြီးနော်!"

ယူနစ် ဆိုဖာနောက်မှီပေါ်သို့လက်ထောက်ပြီး

"လျောက်တွေးနေတာလား ကိုယ်က ဒီတိုင်းအတူအိပ်ဖို့ပြောတာနော် အဟင်း "

မိုင်း ရှက်သွားတာရော စိတ်ကောက်နေတာရောပေါင်းပြီး မျက်နှာလေးမဲ့သွားကာ

"ဖယ် သွား ပြန်မယ်!"

ယူနစ်ပေါင်နဲ့ဖိထားတဲ့ သူမရဲ့အိတ်ကိုအတင်းဆွဲထုတ်ပါတော့သည်။

"ဟာ ဇွတ်ပါလား "

ယူနစ်သည် သူမလက်ကိုအမိအရဆွဲထားလိုက်
သဖြင့်

"ဖယ်ကွာ ပြန်မယ် လွှတ်"

"ဘယ်ကိုပြန်မှာလဲ ဒီမှာအိပ်မှာပါဆို"

ယူနစ်သည် ထိုင်ရာမထသူမလက်ကိုသာဆွဲထားရုံတင်။

မိုင်းကတော့ ဟိုလိုရုန်းဒီလိုရုန်းနဲ့ အင်္ကျီကို့ရို့ကားယားကြီးနှင့် ခေါက်တင်ထားတဲ့ဘောင်းဘီလည်း ပြေကျလာ၍ ကြမ်းပြင်ပေါ်မှာအပုံလိုက်။

"မအိပ်ဘူး ခင်ဗျားကြီးကို အမြင်ကပ်တယ် ဒီနေ့ မခေါ်ဘူး ဖယ် လို့ လွှတ်"

"ငယ် ပြောတော့ အတူနေဖို့အချိန်တွေနည်းသွားပြီဆို ကိုယ်က အချိန်းမဖြုန်းပဲအတူရှိစေချင်လို့ပြောတာပါ ဒါကို ငယ်က တစ်မျိုးတွေးပြီး ရှက်သွားတာတော့ ကိုယ်လည်းမတတ်နိုင်ဘူး "

မျက်ခုံးတစ်ဖက်ပင့်ပြီး မိုင်းကို ပြုံးစိစိလုပ်နေတဲ့ ယူနစ်ကြောင့်

"ခင်ဗျား အသက်၃၆ရောဟုတ်ရဲ့လား ၁၆နဲ့မှားနေတယ်ထင်တယ် ဘာလို့ ကလေးလို သူများကိုလိုက်စနေတာလဲ "

"၃၆လား ၁၆လားသိချင်ရင် ကိုယ့်အနားပြန်တိုးခဲ့"

"ခင်ဗျားကို မခေါ်ဘူးလို့ပြောထားတယ်လေ ဦးရာ လွှတ်ကွာ မိုင်း အိမ်ပြန်မှာ "

မိုင်းလည်း ရုန်းရတာမောလာသဖြင့်ငြိမ်သွားသည်။

"ဘာလို့ ဒီနေ့မှ အိမ်အရမ်းပြန်ချင်နေတာလဲ"

ရူးရူးမူးမူး ရင်ထဲကဦး (Completed) OCМесто, где живут истории. Откройте их для себя