ရူးရူးမူးမူး ရင်ထဲကဦး
အပိုင်း(3)
"အဟွတ် အဟွတ် !"
"မသဉ္ဇာ ဒီမှာ ဆေးလေးသောက်လိုက်ပါဦး"
ဒေါ်ခင်နွယ် ရေတစ်ခွက်နှင့် ဆေးဘူးကိုင်ကာ အိပ်ယာပေါ်ကမထနိုင်သော ဒေါ်လဲ့သဉ္ဇာဆူး ဆီသို့ အပြေးလာခဲ့သည်။
ဒေါ်သဉ္ဇာတစ်ယောက် စောင်ကိုဖယ်ကာအားယူထလိုက်ပြီး ဒေါ်ခင်နွယ်လာတိုက်သော ဆေးနှင့်ရေကို မော့သောက်လိုက်သည်။
"အရင်ကထက်ပိုပိုပိန်လာတာတယ် သဉ္ဇာ ဆေးရုံသွားမလား "
ဒေါ်သဉ္ဇာ ခေါင်းရမ်းကာ ငြင်းပြီး
"တော်ပြီ ကျွန်မ တစ်ဘဝလုံးမှာ မိုင်းအပေါ် ဘာမှမကောင်းခဲ့ဘူး ထပ်ပြီးဒုက္ခမပေးချင်ပါဘူး မနွယ် သမီးကို လုံးဝမသိစေချင်ဘူး ကျွန်မတောင်းဆိုပါတယ်"
ဒေါ်ခင်နွယ်တစ်ယောက် မျက်ရည်စမ်းစမ်းပြောလာတဲ့မသဉ္ဇာကို သနားမိသည်။
"အခုတော့ အိပ်ပျော်အောင်အိပ်လိုက်ပါဦး "
"ဘယ်နှနာရီထိုးပြီလဲ မနွယ် မိုင်းရောပြန်လာပြီလား"
"၇နာရီခွဲပါပြီ ပြောရင်းဆိုရင်း တံခါးဖွင့်သံကြားတယ် ပြန်လာပြီနေမှာ"
ဒေါ်သဉ္ဇာ အိပ်ယာပေါ်ပြန်လှဲလိုက်၍
"ကျွန်မအိပ်လိုက်ဦးမယ် မနွယ်လည်း နားတော့လေ"
"ဟုတ်ကဲ့ ဟုတ်ကဲ့"
ဒေါ်ခင်နွယ် အခန်းထဲကထွက်လာလျှင်
ဖိနပ်ချွတ်၍ အိမ်ထဲဝင်လာသောမိုင်းက
"မိုင်း ရောက်ပြီ"
"ထမင်းရောစားပြီးပြီလား မိုင်းလေး"
မိုင်းက သူမအခန်းဘက်သို့လျောက်သွားရင်း
"စားခဲ့ပြီ ရေချိုးလိုက်ဦးမယ် "
ရောက်လာကတည်းက အမေနဲ့ပတ်သတ်တာတစ်ခုမှမေးဖော်မရ။
မိုင်း သူ့အခန်းထဲဝင်သွားသည့်အခါ
"ဟင်း ဒီသားအမိအတွက်ရင်လေးတယ် "
*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-
"တေဇ ခဏလောက်ဝင်ခဲ့!"
ယူနစ် စာပွဲပေါ်က ကြိုးဖုန်းကနေတဆင့် အတွင်းရေးမှူးကိုလှမ်းခေါ်လိုက်သည်။
ESTÁS LEYENDO
ရူးရူးမူးမူး ရင်ထဲကဦး (Completed) OC
RomanceAge is just number အသက်ဆိုတာ နံပါတ်တစ်ခုပါ ဦးရာ... ပြောတော့ ခင်ဗျားပြောသမျှက မိုင်းအတွက်ဆို ဒါတွေကို မိုင်းတောင် ဂရုမစိုက်တာ ခေါက်ထားလိုက်စမ်းပါ ဒါမှမဟုတ် ခင်ဗျားရဲ့အချစ်ဦး...မဟုတ်သေးဘူး မိုင်းရဲ့အမေကိုမမေ့နိုင်သေးတာလား... နောက်ဆုံးပြောမယ်ဦးယူနစ် မိ...
