ရူးရူးမူးမူး ရင်ထဲကဦး
အပိုင်း(18)
မိုင်း တစ်မနက်လုံးလည်း ခေါင်းတွေရှုပ်စွာ ၁၀နာရီထိုးသည်အထိ အိပ်ရာပေါ်ကမထရသေး။
ကြူးကလည်းကျောင်းသွား မေရွက်ဝါလည်း ဆိုင်ဖွင့်ဖို့သွားပြီဖြစ်၍ အိမ်မှာ အန်တီနွယ်နဲ့ မိုင်း၂ယောက်တည်းသာကျန်ခဲ့၏။
ဟိုဘက်လှည့်လိုက် ဒီဘက်လှည့်လိုက်နှင့် စောင်နဲ့လူကလည်း လုံးထွေးစွာ စိတ်ရှုပ်လာပြီး ထထိုင်လိုက်သည်။
"ဦးကလည်း စဉ်းစားချိန်ပေးတာနည်းလိုက်တာ ဒီကရူးတော့မယ် "
ဆုံးဖြတ်ချက်ပြတ်သားတတ်သူ မိုင်းသည် ဒီတစ်ကြိမ်မှာတော့ တွေဝေ ဝေဝါးစွာ
အချိန်လည်းမနည်းတော့တာကြောင့် မျက်နှာသစ်ဖို့ ကုတင်ပေါ်ကနေဆင်းလာခဲ့ပါတော့သည်။
ရေချိုးခန်းထဲသို့ ဝင်သွားစဉ်က သွားတိုက် မျက်နှာသစ်ဖို့ပေမဲ့ စိတ်ကြည်အောင် ရေပါချိုးပြီး ထွက်လာခဲ့၏။
10နာရီ၄၅မိနစ်တောင် ရှိပြီမို့ မိုင်းလည်း မနက်စာနှင့်နေ့လည်စာပေါင်းစားရပါတော့မည်။
ဧည့်ခန်းထဲက ဆိုဖာမှာ TVကလာသော ပန်းအလှဆင်သည့်အစီအစဉ်ကို စိတ်ဝင်တစားကြည့်နေသော ဒေါ်ခင်နွယ် ဘေးမှာ မိုင်းဝင်ထိုင်လိုက်သည်။
"မိုင်းလေး နိုးပြီလား ဒီနေ့နောက်ကျလိုက်တာ ကြူးကလည်း မနှိုးနဲ့လို့ပြောထားခဲ့တော့ အန်တီလည်း လာမနှိုးတာ "
"ဟုတ်တယ် ညက ကြူးနဲ့လေကောင်းနေတော့ မိုးလင်းခါနီးမှအိပ်ပျော်သွားလို့"
"၁၁နာရီတောင်ထိုးတော့မယ် ထမင်းစားတော့မလား ဟင်းတွေကကျက်ပြီ "
"ဟုတ် ..."
ဒေါ်ခင်နွယ်လည်း မိုင်းဘေးကနေ ထဖို့ ထဘီပြင်ဝတ်တော့ မိုင်းက လက်မောင်းကိုလှမ်းကိုင်ပြီး
"မိုင်း ဘာသာထည့်စားလိုက်ပါ့မယ် အန်တီ TVကြည့်နေတာမဟုတ်လား ရပါတယ် "
"အို...အရေးမကြီးပါဘူး လာ လာ အန်တီ ခူးခပ်ပေးမယ် "
ဒေါ်ခင်နွယ်ဟာမိုင်းနဲ့အတူ ထမင်းစားခန်းထဲလိုက်လာခဲ့သည်။
VOCÊ ESTÁ LENDO
ရူးရူးမူးမူး ရင်ထဲကဦး (Completed) OC
RomanceAge is just number အသက်ဆိုတာ နံပါတ်တစ်ခုပါ ဦးရာ... ပြောတော့ ခင်ဗျားပြောသမျှက မိုင်းအတွက်ဆို ဒါတွေကို မိုင်းတောင် ဂရုမစိုက်တာ ခေါက်ထားလိုက်စမ်းပါ ဒါမှမဟုတ် ခင်ဗျားရဲ့အချစ်ဦး...မဟုတ်သေးဘူး မိုင်းရဲ့အမေကိုမမေ့နိုင်သေးတာလား... နောက်ဆုံးပြောမယ်ဦးယူနစ် မိ...
