ရူးရူးမူးမူး ရင်ထဲကဦး
အပိုင်း(21)
"ကိုတေဇ!"
အတွင်းရေးမှူးတေဇ ဖုန်းပြောနေရင်း ခေါ်သံကြောင့် မတ်တပ်ရပ်ပြီးမော့ကြည့်လိုက်သည်။
"Ray Z ဘာပြောမလို့လဲဗျ!"
ပြောလက်စဖုန်းကို ခပ်ဝေးဝေးသို့လက်ဆန့်ရွှေ့ပြီး သူ့အလုပ်စားပွဲမှာလက်ထောက်ထားတဲ့ Ray Zအားမေးလိုက်သည်။
"ရပါတယ် ဖုန်းဆက်ပြောပါ ကျွန်တော်ကအားတယ်"
Ray Zသည် တေဇကိုဖုန်းဆက်ပြောခိုင်းပြီး တေဇစားပွဲပေါ်က စာရွက်စာတန်းအချို့ကို ကောက်ယူကြည့်လိုက်သည်။
ကားဝယ်ထားတဲ့ပြေစာတွေတွေ့ နာမည်ကလည်း မီမိုင်းငယ်ငယ်နာမည်နဲ့ တေဇ သဘောပေါက်ပြီး ဟက်ကနဲခပ်ရွဲ့ရွဲ့ရယ်လိုက်သည်။
ရုတ်တရက် သူ့လက်ထဲကထိုစာရွက်ကို တေဇ
ကပြန်ဆွဲယူလိုက်ပြီး မျက်စိမျက်နှာပျက်စွာ
"ဟို...."
"မြင်ပြီးသွားပြီ ကျွန်တော်တို့ Boss ကသူ့ကုမ္ပဏီကမွေးထုတ်ပေးမယ့် ကလေးတွေအပေါ်မှာ တော်တော်ကောင်းတာပဲ စာချုပ်ချုပ်ထားတာတောင် တစ်ပတ်မပြည့်သေးဘူး ကားတွေဘာတွေဝယ်ပေးလို့ပါလား "
တေဇ ဟာ သူတစ်ယောက်တည်းသာသိသော လျှို့ဝှက်ချက်လည်းရှိသေးတာကြောင့် ခေါင်းကုပ်ရပါတော့သည်။
ဒီစာရွက်ကို ငါသိမ်းဖို့ဘာလို့သတိမရတာလဲ
Ray Zသည် တေဇရဲ့ပုခုံးကိုနှစ်ချက်ပုတ်ပြီး
"စိတ်မပူပါနဲ့ ကျွန်တော်သိပါတယ်လို့ Bossကိုမပြောပါဘူး အေးဆေးပေါ့ ကိုတေဇကလည်း "
"ကျေးဇူးပဲ Ray Z Bossသိတာအကြောင်းမဟုတ်ဘူး တခြား ဝန်ထမ်းတွေ..."
"ဟား ဟား ကျွန်တော်ကBossကိုတောင်မပြောပါဘူးဆို တခြားဝန်ထမ်းတွေကိုဘာလို့ပြောရမှာလဲ စိတ်ချပါ ရုံးခန်းထဲမှာလည်း Bossမရှိဘူးမဟုတ်လား ကျွန်တော်လည်းပြန်တော့မယ် "
"ဟုတ်ကဲ့ Bossလာရင်ဘာပြောပေးရမလဲ"
"နေပါစေ အရေးမကြီးပါဘူး"
Ray Zက သူ့ ဘောင်းဘီအိတ်ထောင်ထဲသို့လက်နှိုက်ပြီး တေဇရှေ့ကနေထွက်သွား၏။
ВЫ ЧИТАЕТЕ
ရူးရူးမူးမူး ရင်ထဲကဦး (Completed) OC
Любовные романыAge is just number အသက်ဆိုတာ နံပါတ်တစ်ခုပါ ဦးရာ... ပြောတော့ ခင်ဗျားပြောသမျှက မိုင်းအတွက်ဆို ဒါတွေကို မိုင်းတောင် ဂရုမစိုက်တာ ခေါက်ထားလိုက်စမ်းပါ ဒါမှမဟုတ် ခင်ဗျားရဲ့အချစ်ဦး...မဟုတ်သေးဘူး မိုင်းရဲ့အမေကိုမမေ့နိုင်သေးတာလား... နောက်ဆုံးပြောမယ်ဦးယူနစ် မိ...
