ရူးရူးမူးမူး ရင်ထဲကဦး
အပိုင်း(6)
"ငါသိတယ် ဘယ်သူလဲဆိုတာ"
ယူနစ်အတွက် Followingနေရာမှာ1ဖြစ်သွားတာဟာ ကိစ္စအကြီးကြီးမဟုတ်ပေမဲ့
ဝန်ထမ်းတွေကအမျိုးမျိုးမြင်နေကြသည်နှင့် အနှီးဒီကောင်မလေး၏ ပိုင်ရှင်မသိဘဲ ပြုလုပ်လိုက်သော ယဉ်ကျေးမှုမရှိတဲ့ကိစ္စကိုတေ့ာ လုံးဝမကျေနပ်။
"Boss ကလည်း Followပြန်ဖြုတ်လိုက်ရင်ရတာပဲ"
စိတ်တိုနေတဲ့ သူ့သူဌေးကို ကြည့်ပြီး မအေးမချမ်းတာကြောင့် သူတွေးမိတဲ့ ခပ်လွယ်လွယ်စကားလေးပြောလိုက်သည်။
"အေး အဲ့တာတော့ ငါသိတာပေါ့ကွ ဒါပေမဲ့ အခု အားလုံးကသိပြီးနေပြီလေ မင်းပြောသလို ဝန်ထမ်းတွေငါ့ကိုဘာပြောကြမလဲ Cele ချာတိတ်မလေးကိုကျ Followလုပ်တယ် ကုမ္ပဏီက Ray Zကိုတောင် Follow Backပြန်နှိပ်တာမဟုတ်ဘူးဆိုတော့ ငါကောင်းသေးလား"
တေဇလည်း ခေါင်းလေးငုံ့ကျသွားပြီး
ဘာအသံမှထွက်မလာတော့ပေ။
ယူနစ် ဆိုဖာပေါ်သို့ပြန်ထိုင်ရင်း ဆံပင်တွေကိုထိုးဖွလိုက်ကာ နောက်ဆုံးတော့လည်း Followပြန်ဖြုတ်ဖို့ပဲဆုံးဖြတ်လိုက်၏။
သို့သော် ရုတ်တရက်ဝင်လာသည့် Instagramက Callကြောင့် ကြည့်လိုက်တော့လည်း ထိုကောင်မလေးဆီက ဖြစ်နေသည်။
ယူနစ် ဖုန်းကို နားမှာကပ်လိုက်ပြီး
"ဟယ်လို"
တစ်ဖက်က မိုင်းသည် သြရှရှ ယောက်ျားပီသတဲ့ ဒီလူကြီးရဲ့အသံကြားရရုံနဲ့တင် မျက်နှာမှာ ပြုံးရွှင်နေမိသည်။
"သြော် ဟော် ခင်ဗျား ဖုန်းကိုင်သားပဲ"
သူမ ပျော်နေသလောက် ယူနစ်မှာတော့ ခေါင်းပေါ်မီးကျည်းခဲတင်ထားသလိုပဲ။
"မင်းဘာအချိုးချိုးတာလဲ ကလေးမ "
မိုင်း ပါးစပ်လေးကို လက်ဖြင့်အုပ်ကာ အသံမထွက်အောင်ရယ်ရင်း
"မိုင်း ဘာလုပ်လို့လဲ ဦးရဲ့ "
ရင်းရင်းနှီးနှီးခေါ်လိုက်တဲ့ ဦး ဆိုတဲ့ နာမ်စားအပေါ်မှာ ယူနစ် ရိုးရိုးသာတွေးလိုက်သည်။
"ဘာလုပ်ရမလဲ လူတစ်ယောက်ရဲ့ပစ္စည်းကိုပိုင်ရှင်မသိဘဲ ကိုင်တာ ယဉ်ကျေးမှုမရှိဘူးဆိုတာ မသိဘူးလား"
YOU ARE READING
ရူးရူးမူးမူး ရင်ထဲကဦး (Completed) OC
RomanceAge is just number အသက်ဆိုတာ နံပါတ်တစ်ခုပါ ဦးရာ... ပြောတော့ ခင်ဗျားပြောသမျှက မိုင်းအတွက်ဆို ဒါတွေကို မိုင်းတောင် ဂရုမစိုက်တာ ခေါက်ထားလိုက်စမ်းပါ ဒါမှမဟုတ် ခင်ဗျားရဲ့အချစ်ဦး...မဟုတ်သေးဘူး မိုင်းရဲ့အမေကိုမမေ့နိုင်သေးတာလား... နောက်ဆုံးပြောမယ်ဦးယူနစ် မိ...
