ရူးရူးမူးမူး ရင်ထဲကဦး
အပိုင်း(8)ဒေါ်ခင်နွယ်တစ်ယောက် ဝင်လာတဲ့ ဆရာဝန်အား
"ဆရာ ဆရာ ကယ်ပါဦးဆရာ "
ဆရာဝန့်လက်ကိုလှမ်းကိုင်ကာအကူအညီတောင်းလိုက်သည်။ဆရာဝန်က ခုတင်ပေါ်က ဒေါ်သဉ္ဇာ့ရဲ့ မျက်လုံးတွေကို ဓာတ်မီးသေးသေးလေးဖြင့်ထိုးကြည့်ပြီး ခေါင်းရမ်းပြလိုက်တဲ့အခါ
"မေမေ ဟင့်အင်း မေမေ !!"
မိုင်းသည် ယူနစ်ဆီကနေ အတင်းရုန်းထွက်၏။ယူနစ်လည်း ကလေးမဟာ စိတ်ဘယ်လောက်ကြီးလဲ သိနေသည်မို့ လွှတ်မပေးဘဲ ခပ်တင်းတင်း ချုပ်ထားရသည်။
"ဟီး အီး မေမေ သာ ရောဂါဖြစ်နေတယ်လို့ ပြောခဲ့ရင် မိုင်းဒီလို ဆိုးမိမှာမဟုတ်ဘူး အဟင့် ဟင့် ဟင့် မေမေ့အနားမှာ နေမှာပေါ့ မေမေ့အနားမှာ နေခဲ့မှာပေါ့ ဘာလို့ ရုတ်တရက်ကြီး ထွက်သွားတာလဲ မေမေ အဟင့် ဟီး အီး မသေပါနဲ့ မေမေ...."
မိုင်း အော်ဟစ်ငိုကြွေးရင်း တဖြည်းဖြည်းယူနစ်လက်ထဲမှာပဲပျော့ကျကာ ငုပ်တုပ်ထိုင်ချလိုက်သဖြင့် ယူနစ်လည်း ခဏလွှတ်ပေးလိုက်သည်။
မိုင်း နှုတ်ဆိတ်သွားပြီး မျက်ရည်များက အတားအဆီးမရှိ ကျနေရင်း ခုတင်ပေါ်က အဝတ်ဖြူကြီးနဲ့အုပ်လိုက်တဲ့ သူမမနှစ်သက်ခဲ့သော အမေ့ကို ငေးကြည့်ပြီး
"ဒီလို မဖြစ်ရဘူးလေ မေမေ မိုင်းကိုပြောခဲ့မှပေါ့ မိုင်း မေမေ့ကို မနှစ်သက်ခဲ့ပေမဲ့ ဒီလိုကြီး ထွက်သွားဖို့တော့ မျှော်လင့်မထားဘူးလေ မိုင်း မေမေ့ကို မမုန်းပါဘူး မိုင်းမှာ မေမေ့ကို ပြောစရာတွေ အများကြီး ရှိနေသေးတာကို ဘာလို့လဲ ဟင့် ဘာလို့လဲ "
မိုင်း အမေဇောနှင့် ရင်တွေပူကာ ခေါင်းထဲမှာလဲ မေမေမှလွဲ၍ ဘာမှမရှိတာကြောင့် ဘေးမှာ ဘယ်သူရှိနေလဲဆိုတာလည်း စိတ်လည်းမဝင်စားခဲ့နိုင်။
ယူနစ် ခုတင်တစ်ဖက်ဘေးက ခပ်တိုးတိုးငိုနေတဲ့ ဒေါ်ခင်နွယ်ကို
"ဆူးကို အိမ်ပြန်ခေါ်မှာမဟုတ်လား ကျွန်တော် လူနာတင်ယာဉ်သွားခေါ်လိုက်ဦးမယ် ဒီကလေးမကို ကြည့်ထားလိုက်ပါဦး "
ကပ်ပြောလိုက်သည်။
![](https://img.wattpad.com/cover/284445118-288-k62922.jpg)
DU LIEST GERADE
ရူးရူးမူးမူး ရင်ထဲကဦး (Completed) OC
RomantikAge is just number အသက်ဆိုတာ နံပါတ်တစ်ခုပါ ဦးရာ... ပြောတော့ ခင်ဗျားပြောသမျှက မိုင်းအတွက်ဆို ဒါတွေကို မိုင်းတောင် ဂရုမစိုက်တာ ခေါက်ထားလိုက်စမ်းပါ ဒါမှမဟုတ် ခင်ဗျားရဲ့အချစ်ဦး...မဟုတ်သေးဘူး မိုင်းရဲ့အမေကိုမမေ့နိုင်သေးတာလား... နောက်ဆုံးပြောမယ်ဦးယူနစ် မိ...