ရူးရူးမူးမူး ရင်ထဲကဦး
အပိုင်း(24)
မိုင်းရဲ့စီးရီးထွက်ဖို့လည်း၁ပတ်တောင်မလိုတော့သဖြင့် မိုင်းအပါအဝင်တစ်အိမ်လုံးလည်းစိတ်လှုပ်ရှားနေကြသည်။
YN Entainmentကနေတရားဝင်ထွက်မည့်ရက်ကိုလည်းကြေညာပြီးပြီဖြစ်သဖြင့်
အခုဆို Ray Z ကလည်း ftအဖြစ်ပါဝင်ထားတာကြောင့် လူငယ်ပရိတ်သတ်တွေအပါအဝင် အရင်က ဆူးရဲ့လူကြီးပရိတ်သတ်တွေကလည်း ဆူးရဲ့သမီးက တစ်ခေတ်ဆန်းပြန်လည်သီဆိုတေးဆိုသောကြောင့် စောင့်မျှော်နေကြလျှက်ရှိ၏။
posterတွေအပါအဝင် Onlineမှာလည်း မိုင်းရဲ့ပုံတွေအရင်ကထက်နာမည်ကြီးလာသဖြင့် အခုဆို မိုင်းသွားချင်တဲ့နေရာတွေကိုသွားချင်တိုင်းသွားဖို့တောင် အနည်းငယ်ခက်ခဲလာပြီ ။
ထို့အပြင် ဦးနဲ့လည်း တွေ့ရတဲ့အချိန်က အရမ်းနည်းလာ၏ ။
ဒါပေမဲ့ မနေ့ညနေကတော့ မိုင်းရဲ့အ်ိမ်သို့လာတွေ့သည် ။
စီးရီးထွက်ပြီးရင် မိုင်းကို အမေရိကသို့ပညာသင်လွှတ်ဖို့ စီစဉ်ထားကြောင်းလာပြောပြခြင်းဖြစ်၏။
အန်တီနွယ်နှင့်မမဝါတို့ကလည်း ယူနစ်ရဲ့အစီအစဉ်အား အာလုံးသဘောတူကြသည် ။
မိုင်းလို ဘယ်သူမှမနိုင်တဲ့လူဆိုးမလေးကို ကျောင်းသွားဖို့ဆိုတာ ဘယ်သူမှမပြောရဲကြသည့်ကြားက ယူနစ်သည်ဖြစ်မြောက်အောင်စီစဉ်ပေးနိုင်ခဲ့တာမို့ ယူနစ်ကိုလည်းချီးကျူးစကားဆိုခဲ့ကြသည်။
မိုင်းကလည်း ယူနစ်စကားကိုသဘောတူနားထောင်ခဲ့သည်မို့ မိုင်းဟာ ယူနစ်အပေါ်မှာဘယ်လောက်ပျော်ဝင်နေသလဲဆိုတာလည်း တစ်အ်ိမ်လုံးနားလည်သွားကြ၏ ။
ပြေစရာရှိတာပြောပြီးနောက် နောက်တစ်ပတ်ဆိုပိုပြီးအလုပ်ရှုပ်လာမှာ မအားတော့မှာကြိုသိနေကြသည့် ယူနစ်က မိုင်းကအဖွားအိမ်ကိုရောက်ဖူးချင်တယ်ပြောထားတာကြောင့် နေ့လည်ကတည်းက မေရွက်ဝါဆီဖုနးဆက်ပြီး ညနေ Cup cakeတွေလာယူမည်ဟု မှာထားသည်။
ပြန်ခါနီးတေ့ာ မေရွက်ဝါလည်း ကြူးကို ရေခဲသေတ္တာထဲက Cup Cakeဘူးလေးယူခဲ့ဖို့ပြောသည်။
ယူနစ်မှာထားတာမို့ အလှဆုံးနဲ့ အကောင်းဆုံးလုပ်ပေးထားကြောင်းလည်း ထည့်ပြောလိုက်သေး၏။
ВЫ ЧИТАЕТЕ
ရူးရူးမူးမူး ရင်ထဲကဦး (Completed) OC
Любовные романыAge is just number အသက်ဆိုတာ နံပါတ်တစ်ခုပါ ဦးရာ... ပြောတော့ ခင်ဗျားပြောသမျှက မိုင်းအတွက်ဆို ဒါတွေကို မိုင်းတောင် ဂရုမစိုက်တာ ခေါက်ထားလိုက်စမ်းပါ ဒါမှမဟုတ် ခင်ဗျားရဲ့အချစ်ဦး...မဟုတ်သေးဘူး မိုင်းရဲ့အမေကိုမမေ့နိုင်သေးတာလား... နောက်ဆုံးပြောမယ်ဦးယူနစ် မိ...
