အပိုင်း (9) Uni/Zawgyi

13.8K 438 4
                                        

ရူးရူးမူးမူး ရင်ထဲကဦး
အပိုင်း(9)

ရက်လည်ပြီးကတည်းက ယူနစ် မိုင်းဆီမရောက်တာ ၃ရက်ရှိပြီ။

မိုင်းလည်း အရင်ကအိမ်ကပ်သည့်မိန်းကလေးမဟုတ်ခဲ့ပေမဲ့ ၃ရက်လုံး အပြင်မထွက်ဖြစ်
အိမ်မှာပဲ TV Channelတွေပြောင်းကြည့်ရင်း Instagramတွင် live လွှင့်ရင်း အိမ်က အန်တီနွယ်ချက်ကျွေးတာသာ စားဖြစ်၏။

ဦး မလာတဲ့၃ရက်မှာ မျှော်နေမိတာကတော့ အမှန်ပါ။

Instagramက Chatမှာ စာသွားပို့ပေမဲ့
မိုင်းရဲ့ဦးက Instagram Appထဲသို့ တစ်သက်လုံးဝင်မည့်သူမဟုတ်။
မိုင်းနဲ့ဦး နောက်ဆုံးတွေ့တဲ့နေ့ မေမေ့ရက်လည်နေ့က သူရဲ့ကုမ္ပဏီလိပ်စာကဒ်ကိုတစ်ကဒ်ကိုထုတ်ပေးပြီး
"မင်း အကူအညီလိုရင် အချိန်မရွေးဆက်သွယ်လိုက်" လို့ ပြောသွားသည်။

"အား ..ပျင်းလိုက်တာ"

မိုင်း ဖုန်း Screen Wallpaperပေါ်က ယူနစ်ပုံကို ကြည့်ပြီး

"လွမ်းလိုက်တာ ဘာတွေများလုပ်နေသလဲ ကမ္ဘာ့အလုပ်အရှုပ်ဆုံး လူကြီးရေ "

မိုင်း မွေ့ယာအိအိပေါ်သို့ ပက်လက်လှန်လှဲချလိုက်ပြီး

"ဟွန်း မနက်ဖြန်မှလာမတွေ့ရင် ခင်ဗျားဆီလာမယ်"

မေရွက်ဝါနှင့်ကြူးတို့သည်လည်း မိုင်းမေမေရဲ့ရက်လည်ပြီးမှ ဆိုင်မှာ အချိန်ပြည့်ထိုင်ရသည်မို့ မိုင်းဆီမလာအားပေ။

ည အားတဲ့အချိန်မှာတော့ မိုင်းနဲ့ကြူးက Chat boxမှာစကားပြောဖြစ်ကြ၏။

မိုင်း ဖုန်းထဲကနာရီကိုတစ်ချက်ကြည့်ကာ

"၁၂နာရီ  ထမင်းစားဦးမှပဲ"
အိပ်ယာပေါ်ကထပြီး အခန်းထဲကနေထွက်လာ၏။ တစ်ထပ်တိုက်မို့ အခန်းမှာလည်း မေမေ့အခန်း မိုင်းအခန်းနဲ့ အန်တီနွယ်နေသော အခန်းသာရှိ၏။

"အန်တီနွယ်!"
မိုင်း လက်သီးဆုတ်လေး၂ဖက်မြှောက်ကာ အကြောဆန့်ရင်း ခေါ်လိုက်လျှင် ဧည့်ခန်းထဲမှာTVကြည့်နေသော ဒေါ်ခင်နွယ်က မိုင်းကိုလှည့်ကြည့်ရင်း ထူးလိုက်သည်။

"ဟေ မိုင်းလေး...ထမင်းစားတော့မလို့လား"
"ဟုတ် !"

မိုင်းသည် နေ့လည်စာမပြောနှင့် မနက်စာ ညစာတောင်မှ အိမ်မှာသ်ိပ်မစားဖြစ်တာမဟုတ်။
ဒီရက်ပိုင်းမှာပေါ့ အိမ်ကပ်ပြီး ဒေါ်ခင်နွယ်ချက်ထားတာပဲစားဖြစ်သောကြောင့် ဒေါ်ခင်နွယ်ဟာလည်း မိုင်းကို အရင်ကထက်ပိုပြီး ဂရုစိုက်လာသည်။

ရူးရူးမူးမူး ရင်ထဲကဦး (Completed) OCNơi câu chuyện tồn tại. Hãy khám phá bây giờ