ရူးရူမူးမူး ရင်ထဲကဦး
အပိုင်း(15)
ပထမဆုံးအကြိမ် ရောက်ဖူးသည့် ဦးရဲ့အိမ်ထဲကို ခြေချမိသည်နှင့် တစ်ပတ်လည်အောင် လှည့်ငေးပြီး စူးစမ်းမိပါသည်။
ယူနစ် အိမ်တံခါးရှေ့ကနေ ခြေတစ်လှမ်းတောင်ရှေ့မတိုးရသေးတဲ့ မိုင်းအား
"ဘာလုပ်နေတာလဲ လာလေ !"
မိုင်းကိုကားပေါ်မှာပေးထားတဲ့ ကုပ်ကို ယူနစ်ဆီ ပြန်ပေးပြီး
"အိမ်ကအပြန်စားပဲ ထင်တော့ထင်ပါတယ် CEOရဲ့ တိုက်ခန်းက ဒီလောက်တော့သားနားရမှာပေါ့ "
ယူနစ်သည် မိုင်းပေးတဲ့ ကုတ်အင်္ကျီကိုသူ့အခန်းထဲသို့ယူသွား၏။
"မင်း ဗိုက်ဆာနေမှာပေါ့ "
"ဟင်! သိပ်မဆာပါဘူး "
ယူနစ် ဘီယာနဲ့အပတ်ခံခဲ့ရတဲ့ မိုင်းအင်္ကျီမခြောက်တခြောက်ကို ကြည့်ပြီး
"မင်း ဆီမှာ ဘီယာနံ့တွေစွဲကုန်မယ် အရင် သန့်ရှင်းရေးလုပ်လိုက်ဦး"
ယူနစ်သည် အခန်းတံခါးဖွင့်ထားပြီး သူ့အခန်းထဲကနေလှမ်းပြောနေ၏။ မိုင်းလည်း ယူနစ်နောက်သို့လိုက်လာပြီး
"ဦး အသန့်အရှင်းကြိုက်ပုံပဲ "
ယူနစ် ပြန်မဖြေမိဘဲ သူ့အဝတ်အစားတွေထဲက ခဲရောင် အဝတ်ခေါက်ကလေးအား ထုတ်၍ မွေ့ယာပေါ်သို့ပစ်တင်လိုက်ကာ
"ဟို ဘက်မှာ ရေချိုးခန်း ပြီးရင် အဲ့ဒီမှာ ဝတ်စရာ အပြင်မှာရှိနေမယ် "
ပြောပြီး သူ့အခန်းထဲကထွက်သွားသည်။
မိုင်းလည်း ယူနစ်ထုတ်ပေးခဲ့သော အဝတ်ခေါက်ကလေးအားဖြန့်ကြည့်ရာ လေ့ကျင့်ခန်းဘောင်းဘီနဲ့ အင်္ကျီဝမ်းဆက်ဖြစ်သည်။
မိုင်းသည် ယူနစ်ထွက်သွားတဲ့ အခန်းတံခါးကြီးကို လှမ်းကြည့်ပြီး ရေချိုးခန်းထဲသို့ ခက်သွက်သွက်ဝင်သွား၏။
"ဝိုး.... "
ပြောင်လဲ့နေသော ကြွေဇလုံကြီးရယ်
မှန်နံရံထဲက ရေဗန်းတွေရယ်။
ကြယ်၅လုံးဟိုတယ်သို့ရောက်သွားသလိုမျိုး
မိုင်း လည်း ကြွေဇလုံထဲမှာ ဇိမ်ခံပြီး ရေချိုးရလောက်အောင်လည်း စိတ်ကူးမရှိတာကြောင့် ရေဗန်းအောက်မှာပဲ သွားရပ်လိုက်၏။
ယူနစ် ဧည့်ခန်းထဲကဆိုဖာမှာ ခြေချိတ်ပြီးထိုင်စောင့်နေ၏။
YOU ARE READING
ရူးရူးမူးမူး ရင်ထဲကဦး (Completed) OC
RomanceAge is just number အသက်ဆိုတာ နံပါတ်တစ်ခုပါ ဦးရာ... ပြောတော့ ခင်ဗျားပြောသမျှက မိုင်းအတွက်ဆို ဒါတွေကို မိုင်းတောင် ဂရုမစိုက်တာ ခေါက်ထားလိုက်စမ်းပါ ဒါမှမဟုတ် ခင်ဗျားရဲ့အချစ်ဦး...မဟုတ်သေးဘူး မိုင်းရဲ့အမေကိုမမေ့နိုင်သေးတာလား... နောက်ဆုံးပြောမယ်ဦးယူနစ် မိ...
