ရူးရူးမူးမူး ရင်ထဲကဦး
အပိုင်း(19)အပြန်မှာ အနည်းငယ်မှောင်ရည်ပျိုးနေပြီမို့
ယူနစ် ကိုယ်တိုင်လိုက်ပို့ခဲ့သည်။မမှောင်လည်း လိုက်ပိုမည့် ယူနစ်အတွက်တော့ နေဝင်ပြီဆိုတာက အကြောင်းပြချက်တစ်ခုသာ။
"ဟိုး ဟိုး ရပ်တော့လေ မိုင်းလမ်းလျှောက်သွားလိုက်တော့မယ် "
အိမ်ရှေ့မရောက်ခင် ကားရပ်ခိုင်းနေသော မိုင်းကို ယူနစ်ဂရုမစိုက် အိမ်ရှေ့ထိရောက်အောင်ဆက်မောင်းသဖြင့်
"လူကြီး မိုင်းပြောတာရော ကြားလား"
"ကြားတယ် "
"အဲ့တာဆို ဘာလို့ဆက်မောင်းတာလဲ"
"ကိုယ်ရောဝင်မလို့လေ အိမ်ထဲ"
ယူနစ်လည်း ခါးပတ်ကြိုးဖြုတ်ရင်း သူမဘက်လှည့်ကာပြောလိုက်လျှင်မိုင်း မျက်လုံးဝိုင်းလေးနှင့် ပြူးကြည့်နေသည်။
"အင်း တစ်ခါတည်း အကုန်ပြောပြမလို့ ငယ့်ကို စီးရီးထုတ်ပေးမယ့်ကိစ္စရော ကိုယ်တို့ကိစ္စရော"
"အစောကြီး ! နောက်ရက်မှပြောကြရအောင် မိုင်းက ကြိုလည်းမပြောထားရဘူး "
"ဘာဖြစ်လဲ အခုပြောတော့ရော လာပါကွာ ငယ်လေးကလည်း ချစ်ပြီဆိုမှတော့ ဒီလောက်လေးတောင်မစွန့်စားချင်ဘူးလား "
မိုင်းလက်ကလေးကို သူ့လက်ဖဝါးအကြီးကြီးပေါ်တင်ပြီး မျက်ခုံးတစ်ချက်ပင့်ပြလိုက်သည်။
"မိုင်းကိုကြောက်လို့လို့ထင်နေတာလား "
မိုင်းသည် အောက်နှုတ်ခမ်းလေးကို ဖိကိုက်ကာ
"လာစမ်းပါ ဘယ်သူသဘောတူတူမတူတူ ခင်ဗျားကိုပဲယူမှာလို့ပြောပြီးသားပဲ "
"အဟင်း ဟင်း ဟင်း ကိုယ်က ယူမယ်လို့မပြောသေးဘူးနော် ကောင်မလေး "
"ဘာပြောတယ်? မိုင်းကိုပစ်ကြည့် ခင်ဗျားကုမ္ပဏီကြီးမီးရှို့ပစ်မှာကြည့်နေ !"
ယူနစ် ဟက်ဟက်ပက်ပက်ရယ်ပြီး မိုင်းရဲ့ခေါင်းလေးကို လှမ်းနမ်းလိုက်ကာ
"လာ လာ ကားပေါ်ကဆင်းခဲ့ "
၂ယောက်စလုံး ခြံထဲဝင်လာကတည်းက မျက်နှာတွေတည်သွားကြသည်။

ESTÁS LEYENDO
ရူးရူးမူးမူး ရင်ထဲကဦး (Completed) OC
RomanceAge is just number အသက်ဆိုတာ နံပါတ်တစ်ခုပါ ဦးရာ... ပြောတော့ ခင်ဗျားပြောသမျှက မိုင်းအတွက်ဆို ဒါတွေကို မိုင်းတောင် ဂရုမစိုက်တာ ခေါက်ထားလိုက်စမ်းပါ ဒါမှမဟုတ် ခင်ဗျားရဲ့အချစ်ဦး...မဟုတ်သေးဘူး မိုင်းရဲ့အမေကိုမမေ့နိုင်သေးတာလား... နောက်ဆုံးပြောမယ်ဦးယူနစ် မိ...