အပိုင်း (17) Uni/Zawgyi

16.1K 468 15
                                        

ရူးရူးမူးမူး ရင်ထဲကဦး
အပိုင်း(17)

"အဲ့ဒီတော့ ကိုယ် ဘယ်လိုနေမရလဲ နဂိုကတည်းက ရူပါဖြောင့်နေတာတော့ မတတ်နိုင်ဘူး "

ယူနစ်က ပုခုံးတွန့်ပြီး မိုင်းကိုခပ်ပြုံးပြုံးပဲပြောလိုက်သည်။

ထိုအခါ မိုင်းလည်း မျက်လုံးကိုထောင့်ကပ်ကြည့်လိုက်၍

"ဟွန်း နော် ခင်ဗျားကြီးရထားတာမှ ရှော်တီဘေဘီချောချောလှလှလေးနော် မိုင်းက ထွန်းအိ​န္ဒြာဗိုလ်သီချင်းထဲကလို မျက်လုံးတစ်ဖက်မှိတ်ပြလိုက်ရုံနဲ့ တစ်ပုံကြီးပါလာမှာ "

ယူနစ် မိုင်းခန္ဓာကိုယ်လေးကို သူ့ရင်ခွင်ထဲရောက်လာအောင်ဆွဲယူလိုက်ပြီး

"ဟုတ်ပါပြီ ရှော်တီဘေဘီလေးရဲ့ ကိုယ်ကလည်း ငယ်လေးကို စိတ်မချရပါဘူး အဲ့တာကြောင့်ပဲ လျှောက်မသွားရအောင် အနားမှာခေါ်ထားလို့ရမယ့် နည်းလမ်းစဉ်းစားနေတာ ကိုယ်အဲ့ဒီကိစ္စပြောမလို့ ငယ်နဲ့ချိန်းလိုက်တာ"

ယူနစ်ပေါင်ပေါ်မှာခေါင်းအုံးကာ ခြေထောက်နှစ်ဖက်က ကားမှန်ကိုသွားထောက်ထားပြီး
သူမကို ငုံးမိုးကြည့်နေသော ချစ်ရသူကြီးအား
နှာခေါင်းလေးရှုံ့ပြ၍

"ပြောပါဦး အဲ့တာဆိုလည်း !"

"သေချာနားထောင်နော် အရေးကြီးတယ်"

မိုင်း သူမဖုန်းလေးကိုဖွင့်ပြီး ယူနစ်မျက်နှာသို့သေချာချိန်နေသဖြင့်

"ဟိတ်....ငယ် လျောက်မရိုက်နဲ့ကွာ ကိုယ်စကားအကောင်းပြောမလို့!"

"ဝွန်း...ဘာဖြစ်လဲ မိုင်းနားထောင်နေတာပဲ တစ်ပုံလောက်အရိုက်ခံစမ်းပါ ဦးကလည်း "

ယူနစ် မျက်နှာကို တစ်ဖက်သို့လွှဲကာ

"တော်ပြီ ကိုယ်ဓာတ်ပုံရိုက်ရတာမကြိုက်ဘူး"

မိုင်းလည်း အတင်းမော့ထားတဲ့ ယူနစ်မျက်နှာကို အတင်းပြန်ငုံ့အောင်စွဲချရာ ယူနစ် သက်ပြင်းချပြီး သူ့မျက်နှာကိုသေချာချိန်နေကာ သူမမျက်နှာလေးကိုကွယ်နေတဲ့ ဖုန်းကို ဆွဲဖယ်၍ တဟီးဟီးရယ်နေတဲ့ နှုတ်ခမ်းလေးကို ငုံ့နမ်းပစ်လိုက်သည်။

ရူးရူးမူးမူး ရင်ထဲကဦး (Completed) OCDonde viven las historias. Descúbrelo ahora