ရူးရူးမူးမူး ရင်ထဲကဦး
အပိုင်း(11)
"ရလား ကူသယ်ရဦးမလား သမီးတို့ "
အဝတ်အိတ်တွေနဲ့ အိုးခွက်ပန်းကန်တွေကို ကားပေါ်ကနေ အိမ်ထဲသို့ရွှေ့ပြောင်းနေသော မိုင်းနှင့်ကြူးတို့ညီအစ်မအား ဒေါ်ခင်နွယ်မေးလိုက်သည်။
"ရတယ် အန်တီ ထိုင်နေပါ ဝါ တို့နိုင်ပါတယ်"
မေရွက်ဝါသည် ပန်းကန်တွေထည့်ထားသော ဂျက်ပုံးကိုသယ်လာရင်းဖြေလိုက်၏။
၁၅မိနစ်ခန့်ကြာတော့ မိုင်းနဲ့ကြူးက ဆိုဖာပေါ်သို့ ထိုင်ချလိုက်ပြီး
"ဟူး! ညောင်းသွားတာပဲ"
"ဒီမှာ အန်တီ အအေးလုပ်ထားတယ် လိမ္မော်ရည်လေးသောက်လိုက်ကြ!"
ဒေါ်ခင်နွယ်သည် မိုင်းနဲ့ကြူးကို လိမ္မော်ရည် တစ်ဖန်ခွက်စီလာပေးသည်။
မေရွက်ဝါက ကားခသွားရှင်းပြီး ပြန်ဝင်လာသည်။
"ကဲ သမီးတို့ ကိုယ့်အိမ်လို့ပဲသဘောထားနော် လိုအပ်တာရှိရင် အန်တီ့ကိုပြော မဟုတ်ရင်တောင် အန်တီက မိုင်းကိုပြောမလို့ ကြူးတို့ညီအစ်မကို ခေါ်ပါ့လားလို့ ဒီမှာ အန်တီနဲ့မိုင်းလေး ၂ယောက်တည်းဆိုတော့လေ "
"ဟုတ် ရပါတယ် အန်တီရဲ့ လိုအပ်တာရှိရင်လည်း ဝါ တို့ကိုပြောပါ ရပါတယ်"
"အေးပါကွယ် အန်တီ ထမင်းချက်ထားတယ်နော် ခဏနေ ထမင်းစားကြရအောင် "
"ဟုတ်ကဲ့ ကြူးတို့လည်း ပစ္စည်းတွေနေရာသွားချလိုက်ဦးမယ်"
"အေးအေး မိုင်းလေး ကူပေးလိုက်ဦးနော်"
မိုင်းက လက်ထဲကဖန်ခွက်လေးကို စားပွဲပေါ်ချကာ ခေါင်းညိတ်ပြီး ကြူးတို့ ညီအစ်မ အခန်းထဲလိုက်သွား၏။
သူတို့က အဝတ်အိတ်ကိုယ်စီဖြေကြရင်း မိုင်းလည်း ဗီရိုဖွင့်ပေးကာ အင်္ကျီတွေ ထည့်လို့ရအောင် ကူညီပေးသည်။
"အစ်မ ကြူး "
မိုင်းသည် မွေ့ယာပေါ်သို့ထိုင်လိုက်၍
"အိမ်ပြောင်းလာတဲ့အနေနဲ့ Partyလုပ်ကြမလား "
ထိုအခါ မေရွက်ဝါက သူမရဲ့အလှပြင်ပစ္စည်းတွေ မှန်တင်ခုံမှာတင်ရင်း
ESTÁS LEYENDO
ရူးရူးမူးမူး ရင်ထဲကဦး (Completed) OC
RomanceAge is just number အသက်ဆိုတာ နံပါတ်တစ်ခုပါ ဦးရာ... ပြောတော့ ခင်ဗျားပြောသမျှက မိုင်းအတွက်ဆို ဒါတွေကို မိုင်းတောင် ဂရုမစိုက်တာ ခေါက်ထားလိုက်စမ်းပါ ဒါမှမဟုတ် ခင်ဗျားရဲ့အချစ်ဦး...မဟုတ်သေးဘူး မိုင်းရဲ့အမေကိုမမေ့နိုင်သေးတာလား... နောက်ဆုံးပြောမယ်ဦးယူနစ် မိ...
