အပိုင်း (16) Uni/Zawgyi

16.6K 465 16
                                        

ရူးရူးမူးမူး ရင်ထဲကဦး
အပိုင်း(16)

"တစ်ခုခုပြန်ပြောလေ ဘာလို့ငြိမ်နေတာလဲ "

မိုင်း ယူနစ်ရဲ့လက်တွေကိုဆွဲကိုင်လှုပ်ယမ်းပြီး သတိပေးလိုက်သည်။

"ဦး တကယ်ပဲမိုင်း အပေါ်မှာဘာသံယောဇဉ်မရှိတာလား ဒါမှမဟုတ် ဦးမှာ တခြားရွေးချယ်စရာတွေရှိနေလို့လား တခြားချစ်ရမယ့်သူမျိုးရှိနေတာလား သူတို့မှဦးကိုချစ်တာမဟုတ်ဘူး မိုင်းလည်း ချစ်တာပဲလေ !"

မိုင်း ယူနစ်ရဲ့ ရင်ဘက်ကို တွန်းပစ်လိုက်ရင်းနဲ့

"ပြောလေ ပြောလို့ မချစ်လို့လား သံယောဇဉ်လေးနည်းနည်းတောင်မရှိလို့လား "

ယူနစ် အတင်းတွန်းနေတဲ့ မိုင်းရဲ့လက်တွေကို လှမ်းဆွဲလိုက်ပြီး
"ခက်တော့တာပဲ ငယ် ! ကိုယ်ဘယ်လိုငြင်းရတော့မှာလဲ"

မျက်ရည်စီးချောင်းတွေနဲ့အတူ ဦးရဲ့ရင်ခွင်မှာ မျက်နှာအပ်လိုက်သည်။

"ဘာလို့ အဲ့လောက်ထိအောင်သွေးအေးနိုင်လွန်းရတာလဲ !"

"ကိုယ် သွေးအေးတာမဟုတ်ဘူး ဝေခွဲမရတာ မင်းကို အတင်းခွာထုတ်နေရလို့ ကိုယ်ပျော်နေတယ်ထင်နေတာလား အဲ့ဒီလောက် ကိုယ်မရက်စက်နိုင်ပါဘူး ငယ်ရယ် "

"အဲ့တာဆို ဘာလို့ အခုမှလဲ ဟိုးအရင်ကတည်းက မိုင်းကိုအနားမှာခေါ်ထားလို့ရရဲ့သားနဲ့ ဘာလို့ ခက်ခဲအောင်လုပ်နေရတာလဲ "

ယူနစ် သူမဆံပင်တွေကို ပွတ်သတ်ကာ

"ကိုယ်ပြောပြီးပြီပဲ မင်းကို ကိုယ့်အတွက်နဲ့ဘဝကြီးမဆုံးရှုံးစေချင်လို့ "

"တကယ်တော့ ဦးမှားတာ မိုင်းက ဦးအတင်းနှင်ထုတ်မှ ဘဝကြီးဆုံးရှုံးမှာ အဲ့တာသိလား "

"ဘာလို့ပြောရဆိုရ အဲ့လောက်ခက်ရတာလဲ "

"ချစ်လို့လေ မိုင်း ဦးနဲ့စတွေ့ကတည်းက ဒီလူကို မိုင်းအပိုင်ရရမယ်လို့ ဆုံးဖြတ်ပြီးသား "

ယူနစ် သူမမျက်နှာလေးကိုငုံ့ကြည့်ပြီး
မျက်ရည်တွေကို လက်မဖြင့် ဖယ်သုတ်ပေးလိုက်သည်။

"အခု ရပြီမလား တော်တော့ မငိုနဲ့တော့ !"

မိုင်း အောက်နှုတ်ခမ်းလေးကို ဖိကိုက်လိုက်၍

ရူးရူးမူးမူး ရင်ထဲကဦး (Completed) OCNơi câu chuyện tồn tại. Hãy khám phá bây giờ