ရူးရူးမူးမူး ရင်ထဲကဦး
အပိုင်း(13)
"ဝိုး!"
ရူပါ ယူနစ်နဲ့မိုင်းကို ခပ်ပြုံးပြုံးမျက်နှာထားနဲ့ ခနဲ့တဲ့တဲ့ခေါင်းညိတ်ရင်း
"သူများတွေ ပြောနေတာ Bossလင်းမြတ်ယူနစ်က ချာတိတ်မလေးနဲ့ အီစီကလီလုပ်နေတာဆိုတာကို မယုံခဲ့ဘူး တကယ်ပါလား !"
မိုင်း ယူနစ်ကိုမော့ကြည့်လိုက်တော့
သက်ပြင်းတစ်ချက်ချပြီး ရူပါ့ကိုပြန်ချေပဖို့စကားရှာနေပုံ။
"မင်းကိစ္စမဟုတ်ဘူး ပြီးတော့ ဘာလို့မင်းက ဒီအခန်းထဲမှာရှိနေရတာလဲ"
ရူပါ ထိုင်နေရာမှ မတ်တပ်ရပ်လိုက်ပြီး
ယူနစ်အနီးသို့တစ်လှမ်းချင်းလာကာ
"မသိဘူးလား ရိုက်ကူးရေးရှိတယ်လေ ဘာလို့လဲ ရှင်တို့ကို အနှောက်အယှက်ဖြစ်သွားလို့လား"
ယူနစ် ကိုယ့်ကိုဘယ်လိုထင်ထင် ကိုယ့်မျက်နှာကြောင့်ဒီကိုရောက်လာပြီး ဆယ်ကျော်သက် တက်လမ်းတွေအများရှိသော ဒီကောင်မလေးကိုတော့ အထင်မလွဲစေချင်။
"မင်းကိုရှင်းပြနေစရာမလိုပေမဲ့ ဒီကလေးမကိုတော့ မင်းထင်တဲ့ပုံစံအတိုင်းမထင်စေချင်ဘူး "
"ကျွန်မဘာမှမပြောသေးဘူးလေ ခုနကမြင်တဲ့ မြင်ကွင်းအတိုင်း သတ်မှတ်လိုက်တာပဲရှိတာ "
ရူပါ ပီကေကိုလျှာနဲ့ထိုးဝါးနေသည့် မိုင်းကို မကျေနပ်သလို သူမဆီကတစ်ခုခုအလုခံလိုက်တဲ့ပုံစံမျိုးနဲ့ကြည့်ကာ
"မင်း စပွန်ဆာလိုချင်ရင် တခြားကိုသွား ယူနစ်ကိုတော့မရဘူး "
မိုင်း ထိုအခါမှ ဦးရဲ့ဇနီးဟောင်းမို့ ကြည့်မရခဲ့တာတစ်ကြောင်း အခုလို ရုတ်တရက် စော်ကားခံလိုက်ရတော့ ဒေါသကိုထိန်းမထားတော့ဘဲ
ရူပါ့ကို မျက်ခုံးပင့်ကာပြန်ကြည့်ပြီး အနားသို့ပိုတိုးကပ်သွားလိုက်သည်။
"ဘာလို့လဲ ကွာရှင်းပြီးသား ယောက်ျားကိုပြန်ကပ်ချင်ပေမဲ့ မိုင်းလို ငယ်ရွယ်ပြီး လှပတဲ့ကောင်မလေးက ဦးအနားမှာရှိနေတော့ မနာလိုတာလား ဟား ဟား သေချာတာပေါ့ ဘယ်လိုပဲ စဉ်းစားကြည့်ကြည့် အရေးအကြောင်းထင်နေတဲ့ မျက်နှာကို မိတ်ကပ်တစ်ထပ်သားနဲ့ဖုံးထားတဲ့ အန်းဒိတ်အဒေါ်ကြီး နဲ့ယှဉ်ရင် မိုင်းက အများကြီးသာတယ်လေ ဦးသာ အမြင်ရှိရင် မိုင်းကိုပဲရွေးမှာ ပြီးတော့ အားနည်းချက်က ရှင်အဟောင်း မိုင်းက အသစ်နော် ဝါးပြီးသားပီကေကိုဘယ်သူမှ ပြန်မစားဘူး Sorry !"
ESTÁS LEYENDO
ရူးရူးမူးမူး ရင်ထဲကဦး (Completed) OC
RomanceAge is just number အသက်ဆိုတာ နံပါတ်တစ်ခုပါ ဦးရာ... ပြောတော့ ခင်ဗျားပြောသမျှက မိုင်းအတွက်ဆို ဒါတွေကို မိုင်းတောင် ဂရုမစိုက်တာ ခေါက်ထားလိုက်စမ်းပါ ဒါမှမဟုတ် ခင်ဗျားရဲ့အချစ်ဦး...မဟုတ်သေးဘူး မိုင်းရဲ့အမေကိုမမေ့နိုင်သေးတာလား... နောက်ဆုံးပြောမယ်ဦးယူနစ် မိ...
