ရူရူးမူးမူး ရင်ထဲကဦး
အပိုင်း(14)"ဟယ် မိုင်း ညနေရောက်မှ ဘယ်သွားမလို့လဲ"
အနက်ရောင်ပြောင်လဲ့လဲ့အင်္ကျီခပ်ပွပွကို တမင်တကာကတ်ကြေးနဲ့ကိုက်ဖြတ်ထားသော တိုတိတိဘောင်းဘီထဲသို့ထည့်ကာ ခါးပတ်ပတ်နေသော မိုင်းအားအခန်းတံခါးမခေါက်ဘဲဝင်လာသော ကြူးကမေးသည်။
ဂုတ်ပေါ်ဝဲနေသည့်ဆံပင်လက်ဖြင့် ဖွရင်း
"သွားစရာရှိလို့ "
"ဟဲ့ ဘယ်ကိုလဲလို့ ငါ့ကိုလည်းမခေါ်ဘူး"
"bar!"
"ဟမ်....တစ်ယောက်တည်းလား ဘာလုပ်မလို့လဲ "
"ဓာတ်ပုံရိုက်ပေးမလို့လေ ပြီးတော့ မရောက်တာကြာလို့"
"ငါလိုက်ခဲ့မယ် "
"နင့်အစ်မကိုဘယ်လိုပြော?""နင်တစ်ယောက်တည်းသွားရင်လည်း အဆူခံရမှာပဲ"
"မဆူဘူးလေ ငါ့က အိမ်ပြောပြီးမှသွားမယ်လို့ ဘယ်သူပြောလို့လဲ"
"ဟမ်.....ခိုးထွက်မလိုလား!"ကြူး အသံကျယ်သွားသဖြင့်မိုင်း ကြူးပါးစပ်ကို မြန်လှမ်းအုပ်လိုက်သည်။
"နင်သာ နှုတ်လုံပါစေ ဘယ်သူမှမသိဘူး"
"အခုသွားတော့မှာလား ""အင်း "
"နင် တကယ်သရဲမလို့ခေါ်လည်းခေါ်ချင်စရာပဲ ရန်တော့ဖြစ်မလာနဲ့နော် ငါ့ပါအဆူခံရမှာ ""အင်းပါ အဟင်း!! နင်စိတ်မချရင် ဦးလင်းမြတ်ယူနစ်ကို ဖုန်းဆက်ပြောလိုက်လေ မီမိုင်းငယ်ငယ်တစ်ယောက်တည်းထွက်သွားပါတယ်လို့"
မိုင်းက လျှာထုတ်ပြပြီး မျက်လုံးပြူးလိုက်သည်။
"ဟွန်း .....နင် အတော်တတ် ဟုတ်လား ဒီလိုဖြစ်ချင်လို့ တမင်ငါ့ကိုမခေါ်တာမလား !"
"မျှော်လင့်ချက်ပါ အဲ့လူကြီးက အသည်းနှလုံးမရှိဘူး ငါ့ကိုပစ်ထားမှာပဲ !"
ကြူးက ပြတင်းပေါက်ဖွင့်ကာအိမ်ပြင် ကျော်ထွက်ဖို့ပြင်နေသော မိုင်း ရဲ့ကျောကိုလှမ်းပုတ်လိုက်ကာ
"နင့်လူကြီး နင့်ဆီရောက်လာစေရမယ် စိတ်ချ ငါပြောလိုက်မယ် နင်မိုးသားကြူးကိုအထင်သေးတာလား "
BẠN ĐANG ĐỌC
ရူးရူးမူးမူး ရင်ထဲကဦး (Completed) OC
Lãng mạnAge is just number အသက်ဆိုတာ နံပါတ်တစ်ခုပါ ဦးရာ... ပြောတော့ ခင်ဗျားပြောသမျှက မိုင်းအတွက်ဆို ဒါတွေကို မိုင်းတောင် ဂရုမစိုက်တာ ခေါက်ထားလိုက်စမ်းပါ ဒါမှမဟုတ် ခင်ဗျားရဲ့အချစ်ဦး...မဟုတ်သေးဘူး မိုင်းရဲ့အမေကိုမမေ့နိုင်သေးတာလား... နောက်ဆုံးပြောမယ်ဦးယူနစ် မိ...