ရူးရူးမူးမူး ရင်ထဲကဦး
အပိုင်း(7)"အခုရောက်လာပြီပဲ ခင်ဗျားအခု ရောက်လာပြီပဲမဟုတ်လား"
မိုင်း သူ့စကားမဆုံးခင်မှာတင် ခပ်သွက်သွက်ပြန်ပြောလိုက်သည်။
ယူနစ်လည်း မျက်နှာတည်သွား၍ ငါဘာလို့ရောက်လာခဲ့ပါသလဲ ။
မသွားဖို့ အတန်တန်ဆုံးဖြတ်ထားခဲ့ပြီးမှ ဒီဘာမှမဟုတ်တဲ့ပြဿနာမလေး ရှေ့ကို ဘယ်လိုရောက်လာခဲ့ပါလ်ိမ့်။"ဦး"
မိုင်း သူ့ရှေ့က ခပ်တွေတွေငေးနေသော လူကြီးအနားသို့တိုးကပ်၍ ခေါ်လိုက်သည်။
ယူနစ် သူ့ထက် ခေါင်းတစ်လုံးမကပုသော အရပ်လေးနဲ့ကောင်မလေးကို ငုံ့ကြည့်လိုက်ကာ
"အိုခေ ရောက်လာတော့လဲ မင်းနဲ့ငါ ပြတ်ပြတ်သားသားဆုံးဖြတ်ရတာပေါ့ ကလေးမ မင်းဘာဖြစ်လို့ ငါ့ကိုအကြပ်ကိုင်နေတာလဲ"
ယူနစ် မိုင်းနဲ့ အနည်းငယ်ခွာ၍နောက်ဆုတ်ကာမေးလိုက်သည်။
မိုင်းသည် ဒဏ်ရာမရှိသော ခြေထောက်တစ်ဖက်နှင့် လမ်းပေါ်က သစ်ရွက်ခြောက်တွေကို ဆော့ကစားရင်း
"မိုင်းက ခင်ဗျားကို အကြပ်ကိုင်တာမဟုတ်ပါဘူး ခင်ဗျားနဲ့ရင်းနှီးချင်တာ"
မျက်လုံးလေးထောင့်ကပ်ကြည့်ကာဖြေလိုက်သည်။
"မင်းကိုပြောခဲ့ပြီးပြီလေ မင်းနဲ့ငါကသူငယ်ချင်းမဖြစ်နိုင်ဘူးလို့ ငါ့မှာအလုပ်တွေနည်းတာမဟုတ်ဘူး မင်းလို ကလေးမတစ်ယောက်က ငါ့အတွက်လည်း ဘာအကျိုးမှမပေးဘူး ငါ့ကိုမနှောက်ယှက်ပါနဲ့ "
ယူနစ် ခပ်တင်းတင်းပဲပြောလိုက်၏။
ဒီလိုပြောလိုက်ခြင်းအားဖြင့် သူမ ကိုယ့်အနားကို ထပ်မလာတော့လောက်ဖူးလို့ စဉ်းစားမိသည်။
သို့သော် ကိုယ်မှန်းသလို ဖြစ်မလာတဲ့ သူမရဲ့အဖြေက"ဟင့်အင်း မိုင်းက ခင်ဗျားနဲ့ဒီ့ထက်အများကြီးပိုရင်းနှီးအောင်လုပ်မှာ တစ်ချိန်ကျရင်တော့ ခင်ဗျား မိုင်းကို လိုအပ်လာမှာပါ "
ယူနစ် ဒီလိုခေါင်းမာတဲ့ ကလေးမမျိုး တစ်ခါမှမတွေ့ဖူး။
အံ့လည်းသြသည်။ စိတ်လည်းရှုပ်ရသည်။
![](https://img.wattpad.com/cover/284445118-288-k62922.jpg)
ESTÁS LEYENDO
ရူးရူးမူးမူး ရင်ထဲကဦး (Completed) OC
RomanceAge is just number အသက်ဆိုတာ နံပါတ်တစ်ခုပါ ဦးရာ... ပြောတော့ ခင်ဗျားပြောသမျှက မိုင်းအတွက်ဆို ဒါတွေကို မိုင်းတောင် ဂရုမစိုက်တာ ခေါက်ထားလိုက်စမ်းပါ ဒါမှမဟုတ် ခင်ဗျားရဲ့အချစ်ဦး...မဟုတ်သေးဘူး မိုင်းရဲ့အမေကိုမမေ့နိုင်သေးတာလား... နောက်ဆုံးပြောမယ်ဦးယူနစ် မိ...