ရူးရူးမူးမူး ရင်ထဲကဦး
အပိုင်း(5)
"အခုဘယ်ကိုသွားနေတာလဲ"
မိုင်း ခေါင်းလေးစောင်းကြည့်၍ ကားမောင်းနေတဲ့ ယူနစ်အားမေးလိုက်သည်။
မိုင်း သူ့ကားပေါ်သာလိုက်ခဲ့ရသည် မိုင်းရဲ့အိမ်လိပ်စာလည်းမမေး သူဘယ်ကိုမောင်းနေလဲဆိုတာလည်း မိုင်းမသိ။
"ဖုန်းဆိုင် "
ယူနစ် ကားကို မီးပွိုင့်ကနေ ချိုးကွေ့လိုက်ပြီး
"ဖုန်းကွဲသွားတယ်ဆို အစကတည်းကကွဲနေတာလား "
မိုင်းက အိတ်ထောင်ထဲကမှန်ကွဲနေသောဖုန်းလေးထုတ်ပြသည်။
"မဟုတ်ပါဘူး ခင်ဗျားကားနဲ့တိုက်မိမှ လမ်းပေါ်ပြုတ်ကျလို့ ကွဲသွားတာ "
"အင်းလေ အဲ့တာကြောင့် မှန်လဲပေးမလို့ "
ယူနစ်သည် ကားကို ဘရိတ်အုပ်လိုက်ကာ
သူမလက်ထဲကဖုန်းလေးအား လက်ဖြန့်တောင်းလိုက်သည်။
မိုင်း ဖုန်းလေးကို ယူနစ်လက်ထဲထည့်ပေးလိုက်၏။
"မင်းမလိုက်ခဲ့နဲ့တော့ ငါ့ကိုယုံတယ်မလား "
မိုင်းက ခေါင်းညိတ်ပြီး
"ခင်ဗျား ဖုန်းလေး ခဏပေးထားခဲ့"
"ဘာလုပ်မလို့လဲ"
ယူနစ်က သူ့ဖုန်းကို အိတ်ထောင်ထဲက ထုတ်၍
မပေးခင် အရင်မေးလိုက်သည်။
"ခင်ဗျားလည်း မိုင်းကို ယုံတယ်မလား ဖုန်းဆက်စရာရှိလို့ "
ယူနစ်က မိုင်းကို မယုံသင်္ကာကြည့်၍
"မင်းပဲ ဆက်နိုင်လွန်းတယ် "
သူ့ဖုန်းကိုတော့ မိုင်းကိုပေးထားခဲ့ပါသည်။
မိုင်းသည် ယူနစ် ကားထဲက ထွက်သွားလေလျှင် ယူနစ် ဖုန်းထဲက Instagram App ကိုရှာပြီး ဝင်ကြည့်လိုက်လျှင်
"ဟွန့်....ဘဲကြီးကလည်း ချေလိုက်တာ တစ်ယောက်မှ Followလုပ်မထားပါလား "
Followingမှာ 0ဖြစ်နေပြီး Followerနေရာမှာ 50K ရှိသည်။
"ဘာပုံမှလည်းမတင်ဘူး "
Profile တောင်သူ့ကုမ္ပဏီ တံဆိပ်နဲ့
"တကယ့် အလုပ်သရဲကြီးပဲ"
ВЫ ЧИТАЕТЕ
ရူးရူးမူးမူး ရင်ထဲကဦး (Completed) OC
Любовные романыAge is just number အသက်ဆိုတာ နံပါတ်တစ်ခုပါ ဦးရာ... ပြောတော့ ခင်ဗျားပြောသမျှက မိုင်းအတွက်ဆို ဒါတွေကို မိုင်းတောင် ဂရုမစိုက်တာ ခေါက်ထားလိုက်စမ်းပါ ဒါမှမဟုတ် ခင်ဗျားရဲ့အချစ်ဦး...မဟုတ်သေးဘူး မိုင်းရဲ့အမေကိုမမေ့နိုင်သေးတာလား... နောက်ဆုံးပြောမယ်ဦးယူနစ် မိ...
