ဇာတ်သိမ်းပိုင်း Uni/Zawgyi

40.9K 728 99
                                        

ရူးရူးမူးမူး ရင်ထဲကဦး
အပိုင်း(25) ဇာတ်သိမ်းပိုင်း

ထိုသတင်းဟာ YN Entertainment မှာလည်း ပွက်ပွက်ညံနေအောင် ပေါက်သွားပြီ ဒီကုမ္ပဏီမှာတာဝန်ထမ်းဆောင်နေပြီး Bossနဲ့ မိုင်းအကြောင်း Globleကနေကြေညာမှ သိရတာကြောင့် ပို၍ပင် လူပြောများနေသည်။

နေသူရိန်လည်း အခြေအနေသိပ်မကောင်းသဖြင့် ယူနစ်ရုံးခန်းသို့ပြေးလာခဲ့၏။
ဆရာဂျွန်ထမင်းစားပြန်သွားသောကြောင့် ယူနစ်နှင့်မိုင်းသာကျန်ရစ်ပြီး နေသူရိန်ရောက်လာတာ ဘာကြောင့်ဆိုတာလည်း ၂ယောက်လုံးသိနှင့်ပြီးသားဖြစ်သည်။

Laptop Screenမှ ခင်ရူပါနိုင်၏ မျက်နှာပြုံးပြုံးနှင့် သူတို့သတင်းကိုတွေ့လိုက်ကတည်းက
ယူနစ်မှာ လက်သီးကျစ်ကျစ်ဆုတ်ထားပြီး
မိုင်းမှာတော့ ပါးစပ်တောင်မပိတ်နိုင်အောင် အံ့သြစွာနှင့်

"ယူနစ် အောက်မှာလည်း မိုင်းကိုပဲစောင့်နေကြတယ် ဝန်ထမ်းတွေက !"

ယူနစ်ဟာ သူ့ရုံးခန်းကို အရှေ့နဲ့အနောက်လမ်းလျှောက်နေ၍ မိုင်းက ဆိုဖာပေါ်သို့အရုပ်ကြိုးပျက်သလိုထိုင်ချလိုက်သည်။

နှုတ်ခမ်းလေး ခပ်ဟဟနှင့် မျက်ဝန်းထဲတွင်လည်း မျက်ရည်တို့ပြည့်လျှံလာသောကြောင့်
ယူနစ် မိုင်းပုံစံကိုလည်းကြည့်မနေနိုင်တော့ပါ။

"မဖြစ်တော့ဘူး အခြေအနေက ဒီ့ထက်ပိုဆိုးလာဖို့ပဲရှိတာ နေသူရိန် မင်း မိုင်းကို အိမ်ပြန်ပို့ပေးလို့ရတယ်မဟုတ်လား ဒီအချိန်မှာ ငါနဲ့အတူထွက်လာရင် ပိုဆိုးလိမ့်မယ် "

နေသူရိန်က ခေါင်းညိတ်ပြီး
"ရတာပေါ့ ငါလိုက်ပို့ပေးပါ့မယ် "

ဆို၍ ခပ်ငိုင်ငိုင်လေးထိုင်နေသော မိုင်းကို တစ်ချက်ကြည့်သည်။
ယူနစ်လည်း မိုင်းရှေ့မှာ မုဆိုးဒူးထောက်ထိုင်လိုက်ရာ ကျမလာသေးသော မျက်ရည်လျှံနေတဲ့မျက်လုံးတွေကနေ ယူနစ်ကို ဝိုးတိုးဝါးတားကြည့်သည်။

"ငယ် အိမ်ပြန်မှဖြစ်မယ် မင်းအိမ်ကလူတွေလည်း စိတ်ပူနေကြလိမ့်မယ် နေသူရိန်လိုက်ပို့လိမ့်မယ် အိမ်မှာ နားလိုက် အရမ်းလည်းတွေးနဲ့ ကိုယ်ဖြေရှင်းဖို့ နည်းလမ်းရှာလိုက်မယ် ငယ်အိမ်မှာပဲနေ .... "

ရူးရူးမူးမူး ရင်ထဲကဦး (Completed) OCWhere stories live. Discover now