အပိုင်း (22) Uni/Zawgyi

16.8K 445 18
                                        

ရူးရူးမူးမူး ရင်ထဲကဦး
အပိုင်း(22)

မိုင်း ဓာတ်ပုံရိုက်ပြီးတာနဲ့ Ray Zကိုပင်နှုတ်မဆက်ဘဲ အင်္ကျီအမြန်လဲပြီး Studioထဲကထွက်လာခဲ့သည်။

ညနေပိုင်းအတွက် မိုင်းအလုပ်လည်းမရှိတော့သဖြင့် ကားပါကင်ကနေ ယူနစ်ဆီသို့ဖုန်းဆက်လိုက်သည်။

ယူနစ်သည် နိုင်ငံခြားရှဲယာရှင်အချို့နှင့် Zoom ရှိနေသဖြင့် Laptopရှေ့ကနေ စားပွဲပေါ်က တုန်ခါနေသော ဖုန်းကိုလှမ်းယူလိုက်ပြီး
တစ်ဖက်ကလူတွေကိုလည်းအားနာသောကြောင့် ဖုန်းမကိုင်။

"ဟာ..."
မိုင်းရဲ့ဖုန်းကိုချပစ်တဲ့အတွက်

"စိတ်ဆိုးနေလို့လား မအားလို့လား!"
မိုင်းဖုန်းထပ်ဆက်မည်အပြုမှာပဲ Messageတစ်စောင်ရောက်လာသည်။

[ကိုယ် မအားသေးဘူး အစည်းအဝေးရှိတယ်]

မိုင်းလည်း နှာခေါင်းလေးရှုံ့လိုက်ပြီး
မအားပေမဲ့ မိုင်းစိတ်ကောက်မှာစိုးလို့ မအားတဲ့ကြားက Messageရအောင်ပို့လိုက်တဲ့ ယူနစ်ရဲ့ မိုင်းအပေါ်အလေးအနက်ထားမှုကို တကယ်ကြွေရပြန်သည်။

"ဒီလိုဆိုတော့လည်း Supriseလုပ်ရမှာပေါ့!"

မိုင်းလည်း သူမကို ကားဝယ်ပေးထားပြီးမှ ကားမောင်းခွင့်ပိတ်ပင်ထားတဲ့ စိတ်ပူတတ်သောလူကြီးကြောင့် ပါကင်ထဲက သူများရဲ့ ကားတွေကိုငေးရင်း နှုတ်ခမ်းလေးဆူကာ Texiငှားဖို့ ပြန်ထွက်လာခဲ့ရသည်။

တစ်စုံတစ်ယောက်နောက်ကလိုက်လာသလိုခံစားရတာကြောင့် မိုင်း နောက်သို့ ခဏခဏလှည့်ကြည့်ရင်း Texiတစ်စီးအမြန်ငှားလိုက်သည်။
ထို့နောက် ယူနစ်ရဲ့အိမ်လိပ်စာကိုပြောလိုက်သည်။
မိုင်းကားပေါ်ရောက်တော့မှ နောက်လှည့်ကြည့်ပြီး လိုက်မလာလောက်တော့ဘူး ထင်မိကာ သက်ပြင်းချရပါသည် ။

*******************************

သူမ ယူနစ်ပြောပြထားတဲ့ တိုက်ခန်း Passwordကိုရိုက်နှိပ်ပြီး အထဲရောက်မှ
ယူနစ်ကိုဖုန်းထပ်ခေါ်ဖို့ သူမရဲ့ ဖုန်းလေးကို အိတ်ထဲကထုတ်ပြီးမှ

"မခေါ်ဘူး မခေါ်ဘူး ခေါ်လိုက်ရင် ငါဘယ်မှာလဲဆိုတာ သိသွားလိမ့်မယ် "

ရူးရူးမူးမူး ရင်ထဲကဦး (Completed) OCWhere stories live. Discover now