အပိုင်း (10) Uni/Zawgyi

12.7K 413 4
                                    

ရူးရူးမူးမူး ရင်ထဲကဦး
အပိုင်း(10)

"ဟိုင်း!! "

ဝင်လာတဲ့ ကောင်မလေးကြောင့်
ယူနစ်အံ့သြစွာ နားမှာကပ်ထားတဲ့ဖုန်းကို ချလိုက်ပြီး မတ်တပ်ထရပ်လိုက်၏။

"မင်း?..."

မိုင်းက ယူနစ်ရဲ့အလုပ်စားပွဲပေါ်သို့ လက်ထောက်လိုက်ပြီး ယူနစ်အားမော့ကြည့်၍

"Eum Hum?"
ခေါင်းလေးစောင်းရင်း နှုတ်ခမ်းမဖွင့်သောအသံလေးနှင့်။

ယူနစ် သူမမျက်နှာကနေအကြည့်လွှဲလိုက်ပြီး

"မင်းဘယ်လိုရောက်လာတာလဲ"

"ဘယ်လိုလာရမလဲ Taxiနဲ့လာတာပေါ့"

မိုင်းက ပြောလည်းပြော ယူနစ်စားပွဲပေါ်က ဖောင်တိန်ထည့်ထားသော ခွက်ထဲကဖောင်တိန်တွေကိုတစ်ချောင်းချင်းထုတ်ကြည့်လိုက် စာရွက်နှင့် အခြားဖိုင်တွေအားလည်း လှန်ကြည့်သည့်အခါ

"မင်းလက်ငြိမ်ငြိမ်နေ !"

ယူနစ် စာရွက်တွေကိုဖိရင်း သူမလက်သေးသေးလေးကိုပါ ဖိထားမိလိုက်သည်။

"လျှောက်မဖွနဲ့ ငါက အမှတ်နဲ့ထားတာ "

"စာရွက်တွေတင်မဟုတ်ဘဲ မိုင်း လက်ကိုရော မှတ်ထားမလို့လား "

ယူနစ်က မိုင်းကိုပြန်ငုံ့ကြည့်လိုက်သဖြင့်
မိုင်းက စားပွဲပေါ်သို့မေးဆက်ပြလိုက်လျှင်
ယူနစ် စာရွက်တွေနဲ့ရောပြီး သူမလက်ကလေးအား အပေါ်ကနေ အုပ်ဖိထားမိ၏။

"အဟင်း !"

ဖယ်ပေးလိုက်၍

"ငါမေးတာ မင်း ဘာလာလုပ်တာလဲဆိုတာ!"

"ဦးပြောခဲ့တယ်လေ "

မိုင်းပြောလည်းပြော ယူနစ်ရဲ့အလုပ်စားပွဲပေါ် တင်ပါးလေး လွှဲထိုင်လိုက်သဖြင့်

"ဟိတ် ခုံမှာထိုင်လေ ဘာလို့စားပွဲပေါ်တက်ထိုင်တာလဲ"

"ဦးနဲ့အနီးဆုံးက စားပွဲပဲရှိတာလေ "

သူမက မလျော့တဲ့အပြင် စားပွဲပေါ်မှာ ကျကျနန ခြေဆင်းထိုင်လိုက်ရာယူနစ် ဆံပင်တွေကိုထိုးသပ်ရင်း သက်ပြင်းချလိုက်သည်။

ရူးရူးမူးမူး ရင်ထဲကဦး (Completed) OCTempat cerita menjadi hidup. Temukan sekarang