ရူးရူးမူးမူး ရင်ထဲကဦး
အပိုင်း(12)
"ဘာ...ဘာ?"
ယူနစ်လည်း ပြောစရာစကားပျောက်ကာ
ချက်ချင်း ဖုန်းချပစ်လိုက်၏။
ထို့နောက် ကြွေဇလုံထဲကနေ ထကာ မျက်နှာသစ်ရင်း
"ကျစ်.....ငါဘာတွေလုပ်နေတာလဲ"
မှန်ရှေ့က စင်ပေါ်တင်ထားတဲ့ ဖုန်းကို ကြည့်ပြီး ဆံပင်တွေကို ထိုးဖွလိုက်ကာ အိပ်ခန်းဘက်သို့လမ်းလျှောက်လာခဲ့၏။
*-*-*-*-*-*-*-*-
"ဟင်...ဖုန်းချပစ်လိုက်တာလား ဒီလူကြီးတော့ စလိုက်တာကိုရှက်သွားပြီထင်တယ် ခစ် ခစ် ခစ် "
မိုင်း Wallpaperက ယူနစ်ပုံကိုကြည့်ရင်း မွေ့ယာပေါ်သို့ ချလိုက်သည်။
"အွင်း....ဒီညတော့ အိပ်မက်လှလှမက်တော့မယ်ထင်တယ် "
*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-
မနေ့ညက ဦးနဲ့ဖုန်းပြောပြီး ကောင်းကောင်းကြီးအိပ်ပျော်သွားလိုက်တာ
"ဟဲ့...မိုင်း ထတော့ မိုင်း!"
ဘေးကနေ ကြူးက တတွတ်တွတ်လာနှိုးနေတာပင်မနိုးနိုင်။
"မနေ့ညက ဘယ်နာရီထိများ လိုင်းသုံးနေတယ်မသိဘူး မထလည်း နေတော့ !"
ကြူး လည်း စောင်တစ်ထည်နဲ့လုံးထွေးအိပ်နေသော မိုင်းဘေးကနေ မနိုးနိုင်တဲ့သူမကြောင့် စိတ်ဆိုးပြီးထသွားပေမဲ့ ဒီနေ့ညက Ray Zရဲ့ Showပွဲရှိတာသဖြင့်
"ဟူး.. နှိုးမှရမှာပါလေ မမ ကိုပြောဖို့ကြိုတိုင်ပင်ထားမှ !"
ကြူး တံခါးပေါက်ကနေ ပြန်လှည့်လာပြီး
မိုင်းဘေးက စားပွဲပေါ်ကနေ Alarmနာရီကို အသံမြည်အောင် လှည့်ကာ သူမ နားနားကပ်လိုက်သောကြောင့်
"အွန်း.... နားငြီးတယ် !!"
မိုင်း နားပိတ်ပြီး ထထိုင်ဖို့ အားယူလိုက်၏။
မျက်လုံးမပွင့်သေးဘဲ ထထိုင်ဖို့ကြိုးစားနေတဲ့ မိုင်း ကို အားမရစွာနဲ့ ကြူးက Alarmကိုမပိတ်ဘဲထားသည့်အခါ
"အား...နိုးပြီ နိုးပြီ ပိတ်လိုက်တော့ !!"
"မျက်လုံးလည်း ဖွင့်ဦး မီမိုင်းငယ်ငယ် မနေ့ညက ဘာတွေလုပ်လို့ ဒီလောက်အိပ်နေတာလဲ ဟမ်?"
ESTÁS LEYENDO
ရူးရူးမူးမူး ရင်ထဲကဦး (Completed) OC
RomanceAge is just number အသက်ဆိုတာ နံပါတ်တစ်ခုပါ ဦးရာ... ပြောတော့ ခင်ဗျားပြောသမျှက မိုင်းအတွက်ဆို ဒါတွေကို မိုင်းတောင် ဂရုမစိုက်တာ ခေါက်ထားလိုက်စမ်းပါ ဒါမှမဟုတ် ခင်ဗျားရဲ့အချစ်ဦး...မဟုတ်သေးဘူး မိုင်းရဲ့အမေကိုမမေ့နိုင်သေးတာလား... နောက်ဆုံးပြောမယ်ဦးယူနစ် မိ...
