ရူးရူးမူးမူး ရင်ထဲကဦး
အပိုင်း(20)
မနက် ၉နာရီ ကုမ္ပဏီက Studioကို အရောက်လာခဲ့ဟု မိုင်းကို လိုအပ်တာတွေ သင်ပေးမယ့် ဆရာဂျွန်က မှာလိုက်သဖြင့်
မိုင်းလည်း အရင်လို နေဖင်ထိုးမှထလို့မရ။
မနက်စာမုန့်စားနေကြတဲ့ ထမင်းစားခန့်ထဲသို့
ခါးချောင်နေတဲ့ဂျင်းဘောင်းဘီတိုလေးကို ခါးပတ်ဖြင့်ပတ်ရင်း ရောက်လာတဲ့ မိုင်းအား ဒေါ်ခင်နွယ် နှင့်ကြူးတို့ညီအစ်မ ငေးကြည့်နေကြသည်။
ကြူးကသောက်လက်စ လက်ဖက်ရည်ခွက်ကိုစားပွဲပေါ်ပြန်ချ၍
"အမလေး ချစ်သောဦးလေးကြီးနဲ့မှပဲ စောစောထတော့တယ်ဟုတ်လား ငါတောင်ကျောင်းသွားဖို့ အဝတ်လဲရသေးဘူး သူက ရှိုးအပြည့်နဲ့ "
မိုင်းက ကြူးသောက်လက်စလက်ဖက်ရည်ကိုတစ်ငုံကောက်ငုံလိုက်ပြီး ကြူးရဲ့ဆံပင်တွေကို ဖွသွားကာ
"သွားတော့မယ် ငါနင်နဲ့ စကားပြိုင်မလုအားဘူးဟေ့ အလုပ်နဲ့အကိုင်နဲ့ "
"အမလေး ဟုတ်ပါပြီတော် ကြွကြွ"
မိုင်းလည်း အိမ်ရှေ့ရောက်မှ ပြန်လှည့်လာကာ
"အန်တီနွယ် မိုင်း အိမ်ပြန်နောက်ရက်စိတ်မပူနဲ့နော် ဦး လိုက်ပို့လိမ့်မယ် "
ဒေါ်ခင်နွယ် ပြန်ပြောတာကိုမစောင့် လစ်ခနဲ ခြံဝင်းအပြင်ဘက်သို့ ပြေးထွက်သွားလေသည်။
မိုင်း Taxi ငှားလာရသည့်အတွက် လာမခေါ်သော ဦး ကိုအပြစ်မတင်မိပါ။
မနေ့ညက ဖုန်းပြောရင်း
"အနာဂတ်အတွက် အခုကတည်းက ဆင်ခြင်ထားမှ ကိုယ်တို့အကြောင်းကို ငယ် ဆင်မြင့်ပေါ်တက်နေချိန်မှာ မသိစေချင်သေးဘူး ကိုယ်ပြောတာနားလည်တယ်မဟုတ်လား ကိုယ်က ငယ်လေးကို ဟိုးအမြင့်ထိ တင်ပေးချင်တာ "
မိုင်း ယူနစ် ပြောခဲ့တာကို ပြန်စဉ်းစားကာ
ကုမ္ပဏီသို့ လာနေပြီဖြစ်ကြောင်းတော့ Instagramကနေ Messageပို့ထားလိုက်သည်။
"ဟင် !"
ရုတ်တရက် မိုင်း Accountမှာ Followerတွေ တအားတက်နေတာကြောင့် မယုံသင်္ကာ Followerတွေထဲ ရှာကြည့်လျှင် Ray Z ဟာ သူမကို Followထားတာပဲ။
VOCÊ ESTÁ LENDO
ရူးရူးမူးမူး ရင်ထဲကဦး (Completed) OC
RomanceAge is just number အသက်ဆိုတာ နံပါတ်တစ်ခုပါ ဦးရာ... ပြောတော့ ခင်ဗျားပြောသမျှက မိုင်းအတွက်ဆို ဒါတွေကို မိုင်းတောင် ဂရုမစိုက်တာ ခေါက်ထားလိုက်စမ်းပါ ဒါမှမဟုတ် ခင်ဗျားရဲ့အချစ်ဦး...မဟုတ်သေးဘူး မိုင်းရဲ့အမေကိုမမေ့နိုင်သေးတာလား... နောက်ဆုံးပြောမယ်ဦးယူနစ် မိ...
