အပိုင်း-၁

16.8K 137 6
                                    

"ဟင့်အင်း....အဲ့တာမေမေနဲ့ဖေဖေ မဟုတ်ဘူး .... မဟုတ်ဘူး .... "

"လွန်း... သမီး ... လွန်း ရေ ... "

အပြင်ကတံခါးခေါက်သံကြောင့် လွန်း တစ်ယောက်အိပ်မက်ဆိုးမှနိုးလာလေသည်။
နာရီကိုလှမ်းကြည့်မိတော့ မနက်၄နာရီကိုညွှန်ပြလေရဲ့ ...

"လွန်း ... ကြားလားသမီး"

"ဟုတ်... သမီးဘာမှမဖြစ်ပါဘူးတီလေး အိမ်မက်ဆိုးမက်တာတီလေး"

"ဪ ... သမီးရယ် တီလေးဖြင့်စိတ်ပူသွားတာပဲ"

တံခါးကိုအဆက်မပြတ်ခေါက်နေသော အဒေါ်ဖြစ်သူ ဒေါ်မာလာချို ကိုတံခါးဖွင့်၍ ရှင်းပြလေတော့သည်။

"ကဲ...ဒါဖြင့် ပြန်အိပ်လိုက်အုံးနော်သမီး မနက်အစည်း၀ေးသွားရမယ်မလား"

"ဟုတ်"

ပြန်အိပ်ရန်မှာပြီးထွက်သွားသော အဒေါ်ဖြစ်သူကို လွန်း နွမ်းလျလျပြုံးပြပြီး တံခါးကိုပိတ်၍ ကောင်းကင်ကြီးကိုငေးကြည့်လေသည်။

အက္ခရာလွန်း ဆိုသည့်မိမိဘ၀တွင် အဒေါ်ဖြစ်သူ ဒေါ်မာလာချို သည်သာ သွေးရင်းသားရင်းတွယ်တာရာဖြစ်သည်။နှစ်ဖက် မိသားစုက စီးပွားပြိုင်ဖက် ဖြစ်သောလည်း လွန်း မိဘများသည် မိဘများကိုဆန့်ကျင်ကန့်ကွက်ခဲ့၍ လက်ထပ်ခဲ့သည့် ခွန်း မေမေနှင့်ဖေဖေကို အမွေဖြတ် စွန့်လွှတ်လိုက်လေသည်။အိမ်ထောင်သက်ကြာလာသည်နှင့် လူကုံထံမိသားစုမှ ဆင်းသက်လာသော
မေမေနှင့်ဖေဖေသည် ဆင်းရဲချို့တဲ့သော ဘ၀ကို
ခံနိုင်ရည်မရှိသောကြောင့် ပြဿနာများစဖြစ်လေသည်။ အသုံးဖြုးကြီးသော မေမေနှင့် ငွေကိုပင်ပန်းစွာမရှာနိုင်သော ဖေဖေသည်နေ့စဥ်နှင့်အမျှ ပြဿများဖြစ်လေသည်။ လွန်းအသက် (၁၁)နှစ်တွင် မေမေနှင့်ဖေဖေ နှစ်ဦးသဘောတူကွာရှင်းရန် တရားရုံးသို့အသွား ယာဥ်မတော်တဆဖြင့် ကွယ်လွန်သွားသည်။ ထိုအချိန်မှစ၍ မေမေ့၏ညီမ ဒေါ်မာလာချိုက ကျွေးမွေးစောင့်ရှောက်လာသည်။လွန်း အသက်၂၀ပြည့်ခံနီးတွင် လွန်းဖေဖေရဲ့မိဘများကွယ်လွန်ပြီး လွန်း အားသူ့တို့ပိုင်ဆိုင်မူများနှင့် လုပ်ငန်းများကိုလွှဲအပ်ခဲ့သည်။
လွန်းမေမေမိဘများကတော့ မေမေ့စိတ်ဖြင့်
အချိန်မတိုင်ခင်ကွယ်လွန်သွားရှာသည်။

 မျက်ရည်များဖြင့်စီခြယ်သောWhere stories live. Discover now