"ဘာလဲမဟုတ်တာလုပ်နေတာကိုလူမိသွားလို့လား"
"မင်းမလွန်လာနဲ့ဟျောင့် မင်းမြင်လို့လားဟမ်! ငါနဲ့ရာရာအများအမြင်မသင့်တော်အောင်ဖြစ်နေတာမျိုးကို မြင်လို့ဘုန်းမာန်ရှိန် ဒီတိုင်းလမ်းတွဲလျှောက်လာတာလေ"
"ငါ့မမြင်ရသေးပင်မဲ့ ငါ့နောက်ကွယ်မှာတော့မပြောတက်ဘူး "
"မင်း!"
"ဒီမှာကိုဘုန်းမာန်ရှိန် ရှင်နဲ့ကျမဆက်ဆံရေး စေ့စပ်ထားရုံတင်ပါ လက်ထက်ထားတာလဲမဟုတ်ဘူး လက်ထက်ထားတယ်ဆိုရင်တောင် ရှင်ပြောခဲ့သလိုပဲ စာချုပ်သာသာဆက်ဆံရေးပါပဲ ဟုတ်တယ်မလား"
ဘုန်းမာန်ရှိန် သူ့စကားနဲ့သူ့ကိုပြန်သတ်နေသလိုခံစားရသည်...
"စေ့စပ်ပွဲလုပ်ထားတယ်ဆိုကတည်းက မင်းကငါ့မိန်းကလေးဆိုတာဖော်ပြနေတာပဲလေ "
"ရှင်လည်းဟာသတွေသိပ်ပြောတာပဲနော် စေ့စပ်ပွဲလုပ်ထားတယ်ဟုတ်လား ဘာလဲ စေ့စပ်သတိုးသားမပါတဲ့ပွဲလား ရှင်စေ့စပ်ပွဲလာခြင်းမလာခြင်းကို ကျွန်မဘာမှမပြောချင်ပင်မဲ့ စေ့စပ်ပွဲဆိုတဲ့အရာကြီးကိုထည့်မပြောပါနဲ့လား စေ့စပ်ပွဲဆိုတာကိုရှင့်ဘက်ကမသတ်မှတ်ခဲ့သလိုပဲ ကျွန်မလည်းမသတ်မှတ်ပါဘူး"
"အက္ခရာလွန်း!"
ဘုန်းမာန်ရှိန်ရဲ့ခေါ်သံက တစ်လုံးချင်းစီ ပီသလျက် မျက်နှာတွင်ဒေါသအရိပ်များကအတိုင်းသား ....
"ဟိုမှာရှင့်ရဲ့ဇယားတွေထင်တယ် ကျွန်မတို့ကိုခွင့်ပြုပါအုံး ကိုစစ်သွားရအောင်"
ထိုသို့ပြောပြီးစစ်နိုင်သွေးလက်မောင်းကိုဆွဲပြီး ထွက်သွားတဲ့ မြင်ကွင်းက ဘုန်းမာန်ရှိန် အဖို့ဒေါသထွက်စရာအတိ....
"တောက် စစ်နိုင်သွေး သတောင်းစား မင်းဒီပွဲမှာလည်းမနိုင်စေရဘူး"
----------
လွန်းဒေါသထွက်ထွက်နဲ့ ပြောဆိုပြီးသတိ၀င်လာမှ ကိုစစ် လက်မောင်းကိုဖက်ထားမှန်းသိရသည်...
"Sorry ကိုစစ် လွန်းသတိမထားမိလိုက်လို့"
"ရပါတယ် ရာရာအဆင်ပြေရဲ့လားကြည့်ရတာဒေါသတွေအရမ်းထွက်နေသလားလို့"
YOU ARE READING
မျက်ရည်များဖြင့်စီခြယ်သော
Romance"ဒီမင်္ဂလာပွဲကို ရှင်သဘောမတူနိုင်ဘူးဆို ဖျတ်သိမ်းလိုက်ပါ ကျွန်မဘက်ကတော့ စပြီး ဖျက်သိမ်းဖို့အစီစဥ်မရှိဘူး ...." အက္ခရာလွန်း "ငါဘာလို့ ဖျတ်သိမ်းရမှာလဲ မင်းကိုချစ်လို့ တော့မဟုတ်ဘူးနော် မင်းကိုဒုက္ခတွေပေးခ...