အပိုင်း(၁၅)

2.8K 73 2
                                    

မနေ့ကညကတည်းကလွန်းစိတ်ကအဆင်မပြေ
ဂေဟာဆောက်လုပ်ဖို့မြေနေရာအဆင်မပြေဖြစ်နေလို့စိတ်ညစ်နေတဲ့ ပြးဿနာကအရှာခံရသေး
ကြူး လို့သူပြောထဲက အမျိုးသမီးတယောက်မှန်း လွန်းရိပ်မိသည် မုန့်ဆိုင်တွင်လည်း အမျိုးသမီးတယောက်နှင့်သူ့ကိုရိပ်ခနဲမြင်လိုက်သည် အိမ်ပြန်ရောက်တော့လည်း လိမ်လည်ပြန်သည် သူ့အပြစ်ကနေကိုယ့်ကိုအပြစ်ပြန်ဖို့နေသည် တကယ်စိတ်ညစ်စရာ ......

"ဟူး ငါ့ကို Assistantတယောက်လောက်ရှာပေးအုံး "

"အင်းပါ ဂေဟာတိုးချဲဖို့ကိစ္စကရော မြေနေရာစုံစမ်းပြီးပြီလား"

"အင်း သန်လျှင်မှာတော့တွေ့ထားတယ် ပထမကြည့်ထားတဲ့ ပဲခူးကနေရာကအဆင်မပြေလို့ နောက်နှစ်ပါတ်နေရင် သန်လျှင်နေရာအတွက်လေလံပွဲရှိတယ် အဲ့မတိုင်ခင်assistantတယောက်လောက်လိုချင်တယ် နင်ကလည်း Hotel ကိစ္စနွေနဲ့ရူပ်နေတော့ ငါ့ Scheduleတွေပါလိုက်ညှိပေးနေရတာအားနာလာပြီ "

"အမလေးဟယ် အဲ့လောက်မပင်ပန်းသေးပါဘူး အခု Schedule တွေကငါ assistanct လုပ်ထဲကဟာမို့လို့ရပါတယ် နောက်ပိုင်းဆိုရင်တော့ မနိုင်လောက်ဘူး"

"အင်း အဲ့တာကြောင့်ပေါ့ "

"ဂေဟာကိုပစ္စည်းသွားပို့ရမယ်မလား သွားကျမယ်လေ လွန်း"

"အင်း သွားမယ်နွေး"

လွန်းမှာခေါင်းခြောက်စရာတွေအရမ်းများနေသည် လွန်းမတည်ထားတဲ့ဂေဟာကိုတိုးချဲ့ဖို့ဖြစ်သည် လွန်း၁၀တန်းအောင်လောက်ထဲကမုန့်ဖိုးတွေနှင့်စုပြီးလှူရာကအခုဆိုဂေဟာကြီးဖြစ်နေပြီ ထို့နောက်ပညာရေးအတွက် အက္ခfoundationအမည်ဖြင့် တည်ထောင်ထားသော  foundationအတွက်လည်း လွန်းကျောင်းအချို့နှင့်ဆွေးနွေးရအုံးမည် လွန်းနောက်မှာလွန်းမှီခိုနေရသည့်မှာ အလုပ်သမားတွေမက ဂေဟာကလေးများနှင့် ကျောင်းသားတွေပါရှိသည် လွန်းအလုပ်ကိုကြိုးစားနေရခြင်းအကြောင်းပြချက်များဖြစ်သည်။

လွန်း လတိုင်းဂေဟာကိုထောက်ပံ့ငွေအပြင် ကလေးများအတွက်လိုအပ်သည်များကိုသွားပို့ပေးလေ့ရှိသည်။အခုလည်းအသုံးဆောင်အချို့နှင့် လိုအပ်သည်များသွားပို့မည်ဖြစ်သည်

 မျက်ရည်များဖြင့်စီခြယ်သောWhere stories live. Discover now