အပိုင်း( ၁၀)

2.6K 61 0
                                    

"လာပြီ ထင်တယ် လွန်း"

"အိုးခနကြည့်ထားပေးနော် တံခါးသွားဖွင့်လိုက်အုံးမယ်"

"အင်း "

နွေး၏နားမခံနိုင်အောင်ပြောဆိုမူကြောင့်ချက်ပြုတ်ခဲ့သည်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။လွန်းတို့ကျောင်းတက် ကတည်းကနွေးသည် လွန်း၏အဓိကစားသုံးသူဖြစ်လာသည်။အခုလည်း'နင့်လက်ရာမစားရတာအတော်ကြာပြီ'ဆိုပြီး ဘေးကတတွတ်တွက်ပြောလွန်း၍ သည်းမခံနိုင်သည့်အဆုံး ရှိတာလေးဖြင့်ချက်ပြုတ်ဖြစ်သည်။ကံကောင်းသည်မှာ အိမ်စောင့်ဦးလေးကြီးလင်မယားက ရေခဲသေတ္တာတွင်လိုအပ်သည်လေးများ၀ယ်ထည့်ထားပေး၍ အသင့်ဖြစ်သွားသည်။

"ကိုစစ်ရောက်ပြီလား လွန်းကလမ်းပျောက်နေပြီတောင်ထင်နေတာ"

"ရာရာ ထင်သလိုပဲကိုယ်လမ်းမှားနေလို့"

"လာ၀င်ခဲ့ကိုစစ်"

ရာရာ၏မျက်နှာလေးကိုမြင်မှ ခရီးပန်းထားတာက ကြက်ပျောက်ငှက်ပျောက်...

၀တ်ထားသည့် ညအိပ်၀တ်စုံယူနီကွန်းရုပ်ပါခရမ်းရောင် ၀တ်စုံနှင့်လွန်းဟာအတော့်ကိုကလေးဆန်နေပါသည်။ဆံပင်ကိုလည်းခပ်မြင့်မြင့်ထုံးထား၍ ကပိုကရိုကျနေသောမျက်နှာနှင့်လည်ဂုတ် အထက်ကဆံပင်တွေက အသည်းယားစရာအတိ။ပုံမှန်မြင်နေကျပုံစံဖြင့်ကွဲလွဲနေသော လွန်းပုံစံကို စစ်နိုင်သစ်တစ်ဦးသူ့၏ ရင်ထဲသော့ခက်သိမ်းချင်စရာ ...

"လွန်းရေ အိုးဆူနေပြီ ငါဘာထည့်ရမလဲ"

အနောက်ဖေးမီးဖိုချောင်ကနွေးရဲ့အော်သံစာစာ ကထွက်လာပြီ

"အရွက်ထည့်ထားလိုက် ငါလာပြီလာပြီ ကိုစစ်အပေါ်ထပ် ဘုရားစင်ဘေးကအခန်းမှာနေလိုက်နော် လွန်းအခန်းရှင်းပေးထားတယ် ခနနေလွန်းလာခေါ်မယ် ကိုစစ်ဘာမှမစားရသေးဘူးမလား "

"ကိုယ်စား .... ဂွီ ... "

စစ်နိုင်သစ် စားပြီးပြီဟုသောစကားမပြီးခင် သစ္စာမရှိသော၀မ်းတော်က အသံပြု၍အချက်ပြလေသည် ။

"လွန်းစားဖို့တခုခုလုပ်ထားတယ် ခနနေလာခေါ်မယ်နော်"

"အင်း..."

 မျက်ရည်များဖြင့်စီခြယ်သောWhere stories live. Discover now