အပိုင်း(12)

2.4K 64 4
                                    

"ခွေးမသား ဖုန်းမကိုင်ဘူး လွန်းဆီမှာတည်းမှာကိုကြိုမပြောဘူး ကျစ်.. ဇေသုတရေ ဖုန်းကိုင်ဟ"

အိပ်ခံနီး Instagram ကို check on လုပ်ကြည့်တော့ "A really matching pair" captain နဲ့ ဇေသုတကပုံတင်ထားသည်လေ ၅ပုံ၆ပုံလောက်ရှိသည်။ပုံမှမှန်ဆိုရင် ပုံတွေဘာတွေမတင်တဲ့ကောင်ရကအထူးဆန်းလုပ်သည်ဟု တွေးလို့တောင်မဆုံးသေးခင် လွန်းနဲ့ ဟိုခွေး၀ဲစား စစ်နိုင်သစ်တို့နှစ်ယောက်တွဲပုံကပါလာသည် အသားကင်နေသည်ကိုဟိုသဒေါင်းစား ကဘေးကနေကူနေသည်တဲ့လေ ....နောက်တပုံကျတော့လည်း ၀ိုင်အတူသောက်နေသည့်ပုံ စိတ်ထဲ၌အလိုမကျမူများတိုးပွားနေပြီ.....ဖုန်းဆက်မေးပြန်သောလည်းဖုန်းကဆက်လို့မရ

"တောက်! ဟာ .....အိပ်တော့မယ်ကွာ "

အိပ်ခံနီးအတွေးထဲထပ်ရောက်လာသည်မှာ လွန်း
ခပ်မြင့်မြင့်ထုံးထားသောဆံနွယ်လေးမှာလည်တိုင်ဖြူဖြူပေါ်ကျနေသည် ... အအေးအရှိန်ရော ၀ိုင်ရဲ့အရှိန်ကြောင့်ထင်ပါရဲ့ ပါးကလေးကရဲလို့ ကိုက်ဆွဲချင်ဖွယ်ယာ Hoodie ခပ်ပွပွကိုအောက်ကဘောင်းဘီပွပွနဲ့တွဲ၀တ်ထားတဲ့ပုံက မျက်လုံးထဲကမထွက် တွေ့မြင်နေကျပုံစံတွေနဲ့ကွဲထွက်နေပြီး အတော့်ကိုချစ်ဖို့ကောင်းနေသည်

ထိုအကြောင်းတွေတွေးရင်အိပ်စက်ခြင်းသို့ ....

----------

"ဟယ်လို"

" ... "

"မင်းသိရင်ဘာလို့ဆက်လဲကွ"

"... "

" *ီးဟျောင့် အခုမှာလာပြီး စောက်ပိုဓါးပိုတွေလုပ်မနေနဲ့ မနေ့ကဖုန်းဆက်တော့အားယားနေတာမဟုတ်ဘူးဆို ငါပြောတာမဆုံးခင်ဘယ်ကောင်ဖုန်းကိုချလိုက်တာတုံး မင်းကိုပြောမလို့ဆက်တာကိုငါ့ကိုပြောဆိုထုတ်တာ မင်းမဟုတ်လား"

"... "

"ညကပုံတင်ထားတာမမြင်ဘူးလား မြင်တဲ့အတိုင်းပဲ စစ်နိုင်သစ်လည်းလွန်းဆီမှာပဲတည်းနေတာ"

"... "

" မင်းမချစ်ရင်မင်းစိတ်မ၀င်စားနဲ့လေကွာ စစ်နိုင်သွေးကတော့ တကယ်ချစ်တာဟ မင်းလိုကောင်ထက် စစ်နိုင်သစ်နဲ့ပဲပိုပြီး လက်ထက်စေချင်တာ ဒါပဲဟျောင့် ပြန်ရောက်မှမေးတော့"

 မျက်ရည်များဖြင့်စီခြယ်သောWhere stories live. Discover now