အပိုင်း (၁၆)

2.8K 76 3
                                    

"ဘယ်သူနဲ့တွေ့ချင်လို့ပါလဲရှင့်"

"မ ... မအက္ခလွန်းနဲ့ တွေ့ချင်လို့ပါ"

"နာမည်လေးတချက်လောက်ပြောပါနော်"

"ရဲသူရပါ"

"Sorry ရှင့်ရှင်နာမည်နဲ့ appointment လုပ်ထားတာမရှိဘူးရှင့် နောက်နေ့မှပြန်လာပါရှင့်"

"ဟို ... "

"သူက ငါ့ရဲ့assistanceအသစ်ပဲ"

ကြည်လင်ပြတ်သားတဲ့အသံက ထိုမိန်းကလေးများရဲ့မေးမြန်းမူကိုရပ်တန့်သွားစေသယောင် ...

----------
"ရဲသူရ "

"ဗျာ ဘာခိုင်းစရာရှိလို့လဲ"

"နောက်ဘယ်သူဘာမေးမေးမကြောက်မရွံ့ဖြေ မနက်ကလိုဟို ဟိုဒီဒီလုပ်မနေနဲ့"

"ဟုတ်ကဲ့"

" မင်းဘာလို့ဆေးကျောင်းမတက်တာလဲ"

Laptopကိုအကြည့်မခွာပဲပင်မဲ့ မေးလိုက်တဲ့မေးခွန်းက ရဲသူရအတွက်အခက်တွေ့စရာ သူရဲ့ငယ်အိပ်မက်က ဆရာ၀န်တစ်ယောက်ပင် သို့သော် ၁၀တန်းတက်စဥ်ကတည်းက အိမ်မက်ကတဖြည်းဖြည်းပြောင်းလာမိသည် .....

"မဖြစ်ချင်လို့ပါ"

"ဪ မင်းအစားငါနှမြောတယ် လူအချို့ဆိုဆေးကျောင်းအတွက်အမူးအလဲကြိုးစားတာတောင်ဆေးမှတ်မမှီဘူးလေ "

"ဟုတ်"

"နေ့လည်ကျရင်နွေးလာလိမ့်မယ် သူ့ဆီကလေ့လာသင့်တာတွေလေ့လာထားသူရ"

"ဟုတ်ကဲ့"

"မင်းဒါပဲပြောတက်တာလား"

"ဗျာ"

"ကဲ ... ထားပါ လုပ်စရာရှိတာသွားလုပ်တော့"

ရဲသူရကိုကြည့်၍ လွန်းသဘောကျမိသည် သူငယ်ငယ်ကမောင်လေးတစ်ယောက်ကိုမေမေ့ဆီကတောင်းခဲ့ဖူးသည် ဖေဖေ့ကရစေရမယ်ဟုရယ်ကျဲကျဲပြောနေသည်ကို မေမေ့ကဖေဖေ့ ကိုလှမ်းရိုက်တာ ရယ်ခဲ့ကျဖူးသည် တချိန်ကပျော်စရာမိသားစုလေးဟာ ချက်ချင်းဆိုသလဲ ကွဲကွာခဲ့ရသည်

----------
"နွေး ဘာစားမလဲမှာနော် သူရရောပဲ"

"ဟုတ် ကျွန်တော်ကတော့မှာ'မှာမနက်စောစောထွက်လာခဲ့လို့ ဘာမှဂေဟာကစားမလာခဲ့ဘူး ဟဲဟဲ"

 မျက်ရည်များဖြင့်စီခြယ်သောWhere stories live. Discover now