အပိုင်း (၂၂)

4.1K 83 4
                                    

"ဟဲ့ လွန်းအသက်မှရှိသေးရဲ့လား မနေ့ကဖုန်းဆက်တာသိတယ်ဆို လဲဖုန်းလေးဘာလေးဆက်အုံးလေ နင့်ကိုငါနဲ့ သူရ ကစိတ်ပူနေရတာ သူရဆိုဖုန်းဆက်တာလည်းမကိုင်ဘူးဆိုပြီးငါ့လာပြောနေတယ် ကိုစစ်နိုင်သစ် လည်းမနေ့ကမနက်ကဖုန်းဆက်သေးတယ် "

"လွန်း အိပ်နေတယ်ဗျ မနိုးသေးဘူး"

"ဪ ... ကိုဘုန်းမာန်ရှိန်ဖြစ်နေတာလား"

ပြောချင်တာတွေပြောပြီး ကိုင်တဲ့လူက လွန်းမဟုတ်တော့မျက်နှာပူမိပြန်သည် ကိုယ်ကခရားရေလွှတ်ပြောမိထားတာကိုး ...

"ဟုတ်ပါတယ်"

ဟိုခွေးသာ စစ်နိုင်သစ်နဲ့တောင်စိတ်တိုလို့မဆုံးတာကို နောက်တကောင်နာမည်ပါလာတော့မျက်နှာဘေး ရှစ်ခေါက်ချိုးလို့ပင်

"လွန်းကိုဂရုစိုက်ပေးပါရှင် နေမကောင်းဖြစ်ရင်လွန်းကကြာတက်လို့ အစားအသောက်လည်းမ၀င်ဘူး ဆေးသောက်ရမှာလည်းကြောက်တက်သေးတယ် နည်းနည်းတော့သည်းခံပေးပါရှင် ဪ ... ငါးနဲ့ပတ်သတ်တာတွေမကျွေးပါနဲ့နော်"

လွန်းနဲ့နွေးနွေးသော်အကြောင်းကို စုံစမ်းထားလို့သိသင့်သလောက်တော့သိပါသည် အခုလိုမိတ်ဆွေကောင်းသူမလေးမှာ ရှိနေခြင်းကို ဝမ်းသာမိပြန်သည်... မနေ့ကဆေးသောက်ရမည်ကို ကလေးတယောက်လိုကြောက်သည့်သူမကို ချော့မော့ပြောသော်လည်းမရသော်ကြောင့် ကိုကိုဦး အဖြစ်ခံကာ ခြိမ်းခြောက်ပြီးတိုက်ရသေးသည့် အဖြစ်ကိုတွေးမိတော့နှုတ်ခမ်းပေါ်အပြုံးရေးရေးလေးကဖြတ်ခနဲ

"ဟုတ်ကဲ့ပါ"

"မနေ့ကထဲကမှာချင်တာအလုပ်တဖက်နဲ့ဆိုတော့လောပြီးမမှာဖြစ်တာ သူ့ကိုဒီနေ့လောက်ဆိုသက်သာပြီထင်နေလို့ "

"ဟုတ်ကဲ့ပါ "

"ဒါဆိုဖုန်းချလိုက်တော့မယ် ကိုဘုန်းမာန်ရှိန်"

"ဟုတ်ကဲ့ လွန်းကိုစိတ်မပူပါနဲ့ ကျွန်တော်ဂရုစိုက်လိုက်ပါ့မယ်"

ဖုန်းချပြီးတော့လေပူတချက်မုတ်ထုတ်လိုက်ကာ အတွေးထဲရောက်လာတာက ခုနကကောင်နာမည်

"ကျစ်"

ကိုယ့်အတွေးနဲ့ကိုယ်ပူလောင်နေပြန်သည်....

 မျက်ရည်များဖြင့်စီခြယ်သောWhere stories live. Discover now