"မင်းဟာကမဟုတ်သေးပါဘူးကွာ မင်းတို့သားဖကြားထဲ လွန်းကိုဆွဲမထည့်ပါနဲ့လား သူပါ့သူအေးဆေးနေပါစေ "
"ဆွဲထည့်တာမဟုတ်ဘူး သူ့လိုမိန်းမတယောက်နဲ့ အမြဲယှဥ်ပြောခံနေတာ ငါမကျေနပ်ဘူး အဲ့တော့သူနဲ့လက်ထပ်ပွဲကို ငါလက်ခံလိုက်တာ"
"မင်းရဲ့အကြောင်းပြချက်ကမခိုင်လုံဘူးနော် ဟျောင့် မင်းလိုကောင်ကလွယ်လွယ်နဲ့အိမ်ထောင်ပြုပေးတာကို လက်ခံတယ်ဆိုတော့ ဘာလဲမင်းလွန်းကို ..."
"မဟုတ်တာကွာ ငါလိုချင်တဲ့ပုံစံမျိုးမဟုတ်ဘူးသူက ငါကငါ့ကိုအားကိုးအားထားပြုတဲ့သူမျိုးလိုချင်တာ သူလိုမာန်တက်ပြီးလူတကာကိုအမြဲ အထင်သေးတဲ့လူမျိုးမဟုတ်ဘူး"
"လွန်းကမင်းထင်သလိုမဟုတ်ပါဘူးကွာ"
"ငါ့အမြင်ကတော့ ငါပြောသလိုပဲ"
"မင်းဇယားတွေကိုဘယ်လိုလုပ်မှာလဲ "
"မကျေနပ်ရင်ဖြတ်လိုက်မယ်လေ ကျေနပ်ရင်တော့ရှေ့ဆက်တာပေါ့ "
"မင်းလွန်းနဲ့လက်ထပ်ပြီးရင်တော့ လွန်းအပေါ်သစ္စာရှိပေးလေ မင်းအခုလိုရှုပ်မနေနဲ့တော့ကွ အခုလိုပြောလို့တမျိုးတော့မထင်နဲ့ သစ္စာဖောက် တာခံရတဲ့မိန်းမတွေဘယ်လောက်ထိခံစားရလဲဆိုတာငါတွေ့ဖူးလို့ပြောနေတာကွ "
"အင်းပါ"
"ဟူး ... မင်းအစားရင်လေးတယ်ဟျောင့်"
ဇေသုတ ဘုန်းမာန်ရှိန်ကြောင့်လွန်း ခံစားရမည်ကိုတော့မလိုချင်။လွန်းကုမ္ပဏီကို တာ၀န်မယူခင်
လွန်းအဒေါ် လက်ထက်ထဲကအလုပ်၀င်သည်မို့ လွန်းအကြောင်းကိုအနည်းငယ်သိထားသည်။----------
"လွန်းသဘောမတူနိုင်ဘူးတီလေး"
"ဘာလို့လဲသမီး တီလေးကလွန်းကောင်းဖို့အတွက်လုပ်နေတာလေ"
"လွန်းအသက်၂၃လောက်နဲ့အိမ်တောင်မပြုချင်ဘူး"
"လက်ခံလိုက်ပါကွယ် တီလေးလည်းသမီးကိုစိတ်ချချင်ပြီ မိန်းမဆိုတာကဘယ်လောက်ထက်မြတ်ထက်မြတ် တစ်ယောက်ထဲတော့ဘ၀ကိုဖြတ်သန်းလို့မရဘူးလေ"
YOU ARE READING
မျက်ရည်များဖြင့်စီခြယ်သော
Romance"ဒီမင်္ဂလာပွဲကို ရှင်သဘောမတူနိုင်ဘူးဆို ဖျတ်သိမ်းလိုက်ပါ ကျွန်မဘက်ကတော့ စပြီး ဖျက်သိမ်းဖို့အစီစဥ်မရှိဘူး ...." အက္ခရာလွန်း "ငါဘာလို့ ဖျတ်သိမ်းရမှာလဲ မင်းကိုချစ်လို့ တော့မဟုတ်ဘူးနော် မင်းကိုဒုက္ခတွေပေးခ...