အပိုင်း(2)

4.4K 89 0
                                    

"ဟုတ်ကဲ့ ...လွန်းတို့ဘက်က အဆင်ပြေပါတယ်"

"ကျွန်တော်တို့လည်းအဲ့တာဆို အဆင်ပြေတယ်ဗျ"

လွန်း တစ်ဖက်ကုမ္ပဏီနဲ့စာချုပ်ကိစ္စပြောနေချင်းသာဖြစ်သည်။

"ဟုတ်ကဲ့ အခုလိုယုံကြည်ပေးလို့ကျေးဇူးတင်ပါတယ်"

"ဒါဆိုကျွန်တော်တို့ကိုခွင့်ပြုပါအုံး"

"ဟုတ်ကဲ့"

"လွန်းရေ ... တီလေး ရောက်နေတယ်"

"ဟုတ်လား အေး ငါလာပြီ"

လွန်းလုပ်လက်စအလုပ်တွေကိုချ၍ အဒေါ်ဖြစ်သူဆီသွားလေသည်။

"တီလေး"

"ဪ ... သမီး တီလေးထမင်းချိုင့်လာပို့တာ "

"အပင်ပန်းခံလို့ တီလေးရယ်"

"အခုထိထမင်းမစားရသေးဘူးမလား လွန်း"

"... "

"တီလေး ထင်သားပဲ"

"ခုနမှအလုပ်ကိစ္စ စကားပြောတာ ပြီးသွားလို့ပါတီလေးရ"

"သမီး အကြိုက်တွေပဲချက်လာတယ်"

"ဟုတ်လားတီလေး"

"ဟုတ်တာပေါ့ ဒီမှာကြက်အသဲအမြစ်၊ ဒီမှာ ဆိတ်သားဆီပြန် ၊အစိမ်းကြော် ၊ကန်စွန်းရွက်ချဥ်ဟင်း"

ဒေါ်မာလာချို တစ်ယောက်ချိုင့် ဖွင့်ပြီးဟင်းခွက်တွေကိုချရင်းပြောနေချင်းပင်ဖြစ်သည်။

"ဒေါ်လေး သမီးကိုရောမကျွေးချင်ဘူးလား"

"စားပါရှင်...တီလေး နှစ်ယောက်စာထည့်လာပါတယ်ရှင်"

"ဟီး ... တီလေးအဲ့လိုစိတ်ထားကောင်းလို့ အခုလိုချောနေတာ"

နွေးနွေးသော် ရယ်ကျဲကျဲဖြင့်ပြောလိုက်သည်။

"သမီးအမေရော နေကောင်းရဲ့လား"

"ဟုတ် ကောင်းပါတယ်"

"တီလေးကမေးတယ်လို့ပြောပါအုံးသမီးရယ်"

"ဟုတ်ကဲ့"

နွေးနွေးသော် သည်အရင်က သူဌေးသမီးတစ်ဦးသာဖြစ်သည် ဖခင်ဆုံးပြီးနောက် စီးပွားရေးပျက်ကာ လူလတ်တန်းစားအခြေနေ သို့ရောက်ရှိချင်းသာဖြစ်သည်။

 မျက်ရည်များဖြင့်စီခြယ်သောWhere stories live. Discover now