အပိုင်း(၂၃)

7.7K 120 30
                                    

တပတ်ဆိုတဲ့အချိန်ဟာ ကုန်မှန်းမသိကုန်လာရသည်  အလုပ်သွားတော့မည့်သူမလေးကိုကြည့်ရင် စိတ်ကမယိုးမယွ ဖြစ်လာရသည် သို့သော် အခုချိန်က အချိန်ကောင်းမဟုတ်ပေအဘယ်ကြောင့်ဆို  သူမလေးဖုန်းကိုကုတင်အောက်ဖွတ်ထားချင်းကို ဘယ်ကဘယ်လိုတွေ့သွားမှန်းမ သူ့ကိစ္စနဲ့ပတ်သတ်ပြီး ရွှေစိတ်တော်က ကောက်သွားသည် ကံကောင်းသည်မှာက ရွှေစိတ်တော်ပဲကောက်သွားပြီး စကားများရန်မဖြစ်ခြင်းသာ....

"ဒီနေ့လာကြိုမယ် စောင့်နေ"

"မလိုပါဘူး "

"ဘေဘီကလည်းကွာ စောင့်နေပါ ဘေဘီသေချာနေကောင်းသေးတာလည်းမဟုတ်ဘူး "

"တဘေဘီထဲ ဘေဘီနေရအောင် ကျွန်မကကလေးလည်းမဟုတ် "

"ဘေဘီကလေးမဟုတ်တာကိုယ့်အသိဆုံးပါ ပြောရရင်ဟိုနေ့ညထဲကပေါ့ "

"ရှင်ဘာတွေပြောနေတာလဲ "

"ဟော...ဗျာ ဘာများပြောမိလို့တုံး ဘေဘီမေးတာပဲပြောမိတာလေ "

"ဖယ်တော့ ကျွန်မ သွားတော့မယ် "

ဘယ့်နှယ့် အခုမှတဘေဘီထဲဘေဘီနေသည် သူ့ကိုစိတ်ထဲသိပ်ကြည်နေတယ်များထင်နေလားမသိ အမြဲတကပ်ကပ်နဲ့  နေမကောင်းတော့လည်းနေမကောင်းလို့ ဒီကြားထဲဖုန်းကိုလည်း muteထားပြီးကုတင်အောက်ကိုပစ်ချထားသေးသည် ရန်ဖက်ဖြစ်လဲအပိုပဲဟု စိတ်ထဲမှတ်ကာနေကာမှ ပိုဆိုးသည် အိပ်လည်းအိပ်ချိန်မို့လို့ လူကိုအရုပ်ဟုတ်နေသလားမသိ ညရောက်တိုင်း ရင်ခွင်ထဲအတင်းထည့်ထားသည် ပြောလေဆိုးလေမို့လို့ မပြောပဲထားနေတာကိုသူကအကောင်းထင်နေပုံပင် အခုလဲအခန်းတံခါးကိုကန့်လန့်ရပ်ကာ လာကြိုမယ်တကဲကဲလုပ်မဲ့သူ့ကို တွန်းတိုက်ကာထွက်လာခဲ့သည် ....

"ကိုယ် အစည်း၀ေးရှိလို့လိုက်မပို့တော့ဘူးနော်"

"..."

"ဟိတ်ကြားလား လာကြိုမယ်နော်စောင့်နေ  "

ကိုယ်ကသာပြောနေတာပါ သူမလေးကကတော့ ခေါ်ထားသည့်ကားပေါ်ကိုတက်သွားတာကလှစ်ခနဲ "

လိုက်ပို့ချင်လို့သူမကားဘီးကို ညထဲကလေလျှော့ ခိုးလျှော့ထားတယ်ဆိုမှာ ဆိုင်ကဖုန်း၀င်လာ၍ အပြေးလွှားသွားရမှာမို့လို့ ကားသာငှားပေးလိုက်ရသည်

 မျက်ရည်များဖြင့်စီခြယ်သောWhere stories live. Discover now