အပိုင်း (၁၃)

2.4K 70 5
                                    

မခေါ်မပြောကျပဲမင်္ဂလာပွဲနေ့သိုရောက်ရှိလာကြပြီ သတိုးသားရောသတိုးသမီးပါ သူ့တို့မင်္ဂဖိတ်စာအရောင်၊အပြင်အဆင်ကို သူ့တို့စိတ်ကြိုက်မပြောနှင့် တခုမှမသိရိုးအမှန် နှစ်ဖက်မိဘတွေသာအကုန်သူစဥ်စီနေရသည်။

"လွန်း နင်လှလိုက်တာ "

မှန်ထဲ၌ပေါ်နေသောလွန်းပုံရိပ်သည် အတော်ကိုကျက်သရည်ရှိလှသည် ပုလဲရောင်ချိတ်ကိုအပေါ်ပိုးသားနှင့်တွဲ၀တ်ထားပြီး အကျီမှာရင်ပိတ်ဖြစ်ကာ ရွှေရောင်ပုလဲရင်ထိုးနှင့်အတော့်ကိုလိုက်ဖက်မူရှိလိုက်သည်။လက်၀တ်ရတနာအများကြီးဆင်မြန်းထားခြင်းမရှိပဲ ပုလဲဆွဲကြိုးခပ်မျှင်မျှင်လေးရယ် ခပ်သေးသေးစိန်ပွင့်နားကပ်လေးရယ် ပုလဲရင်ထိုးနှင့်ပုံစံတူ လက်စွပ်လေးနှင့်ကြည့်ရရှင်းပြီး ယဥ်လှသည်။တော်ယုံသင့်ယုံသာလိမ်းချယ်ထားပြီး ဆံပင်ကိုမြင့်မြင့်ထုံးလိုက်တော့ ဖြူဖွေးသောလည်တိုင်ကျော့ကျော့လေးက၀င်းခနဲ......

သတိုးသမီးဟာအတော်ကိုပြည့်စုံသော်လည်း မျက်နှာ၌ စိတ်လူပ်ရှားခြင်း၊ပျော်ရွှင်ခြင်းအမူယာ အလျှဥ်းမရှိချေ ပုံမှန်နေ့တွေလိုခပ်တည်တည်ခပ်အေးအေးပင်

"နင်ဘယ်လိုခံစားရလဲ လွန်းပြောပြပါလား"

"ဘာမှမခံစားရဘူး ရွေရည်စိမ် မင်္ဂလာပွဲကိုငါကဘာတွေခံစားရမှာလဲ ရင်ထဲမှာ ဗလ္တာနတ္တိပဲ"

လွန်းအဖြေကြောင့်နွေး သက်ပြင်းခပ်ဖွဖွချမိသည် စိတ်ဓါတ်မာကျောချင်ယောင်ဆောင်သောလွန်းအတွက်နွေးရင်လေးမိသည်ကအမှန် .......

"အေးပါတယ် သွားမယ်လာနောက်ကျတော့မယ်"

"သွားတာပေါ့"

လွန်းခပ်အေးအေးပင်ဖြေမိသည် မိန်းကလေးတယောက်အနေနှင့်လွန်းမှာလည်း ဆယ်ကျော်သက်အရွယ်၌ စိတ်ကူးအချို့ရှိဖူးသည် လွန်း၏လက်ထပ်ပွဲတွင် အဖြူရောင်နှင်းဆီပန်းအချို့နှင့်အဖြူရောင်ဘောလုံးများကိုအသုံးပြုကာ ကျင်းပချင်းပြီး နှင်းဆီဖြူဖြူကိုကိုင်ကာလွန်းအားလက်ထပ်ခွင့်တောင်းခံချင်သည် ဆယ်ကျော်သက်ကောင်မလေးတယောက်ရဲ့
အတွေးဟာရိုးရှင်းသော်လည်း ဖြစ်မလာ ......

 မျက်ရည်များဖြင့်စီခြယ်သောWhere stories live. Discover now