အချိန်သည်ကား၁၀နာရီခွဲကိုညွှန်ပြလျက် ......
ဟက်ချိုး~
လွန်းရဲ့နှာချေသံက အိမ်ထဲမှာပျံ့လွှင့်နေသည်
ညနေအလုပ်ကပြန်လာထဲကလူကနှုံး၍ ရေကိုကြာကြာချိုးလိုက်ရာမှ အအေးမိကာ အဖျားကငွေ့ငွေ့လေးဖြစ်နေသည် ပုံမှန်ဆိုတော်ရုံမဖျားတက်ပင်မဲ့ အဖျားဝင်ပါကကြာတက်သည် အခုလည်းအိပ်ရေးမဝသည့်အရှိန်ကြောင့်ရယ်ပင်ပန်းထားသည်ရယ်ကြောင့် အဖျားဝင်လာသည်..."ငါတကယ်ဆေးသောက်ရတော့မှာပေါ့"
မျက်နှာကိုမဲ့ကာဆိုလိုက်သည် ဆေးသောက်ရမှာမကြိုက်သည့်လွန်းအတွက်ဆေးသောက်ရသည်မှာ ဒုက္ခတမျိုးပင် ။
"အာ...ငှက်ပျော်သီး ဟုတ်သားပဲငှက်ပျော်သီးနဲ့ရောစားရမယ်"
ပြောပြောဆိုဆိုနှင့်မီးဖိုချောင်ထဲ၀င်ကာ ရှာဖွေမိသည်
"ရှိသေးလားမသိဘူး မရှိရင်တော့အပြင်မှာထွက်၀ယ်ရမယ်တူတယ် "
----------
"ကြူး တော်ပြီလေ နင်များနေပြီ "
ပြောသာပြောရပင်မဲ့နားထောင်မည်မထင်
"ငါ... ငါရှုံးသွားတယ်ဟာ အမှန်ကငါနိုင်သင့်တာလေ "
ပြောလည်းပြောသောက်လည်းသောက်နေတာကြောင့် ဘုန်းမာန်ရှိန်ခေါင်းခဲရသည်
"ဆက်မသောက်နဲ့တော့ကြူး နင်အရမ်းသောက်လို့မရဘူးလေ လာပါဟာပြန်ပို့ပေးမယ် "
"မပြန်သေးဘူး ...... "
ပြောလည်းပြောမှောက်သွားတဲ့ကြူးကိုကြည့်ရင်အိမ်ပြန်ပို့ဖို့ စီစဥ်ရသည်
"ဟျောင့် "
အသံလာရာလှည့်ကြည့်တော့ဟိုနွားဇေသုတ
"ဘာလဲပြော"
"လေသံကလည်းကွာ ဟိုဟာကြူးမလား "
"အေး"
"ဟ ဘယ်လိုဖြစ်တာတုံး တော်တော်ကွဲနေတဲ့ပုံပဲ ဘာလဲ အိမ်နဲ့ပြဿနာတက်တာလား"
"မင်းသူဌေးသွားမေးကြည့်လေ "
"ငါ့သူဌေး .. ဘာလဲလွန်းလား "
ဘုန်းမာန်ရှိန်က မင်းမသိဘူးလားအကြည့်နှင့်သာတုံ့ပြန်လိုက်သည်
YOU ARE READING
မျက်ရည်များဖြင့်စီခြယ်သော
Romance"ဒီမင်္ဂလာပွဲကို ရှင်သဘောမတူနိုင်ဘူးဆို ဖျတ်သိမ်းလိုက်ပါ ကျွန်မဘက်ကတော့ စပြီး ဖျက်သိမ်းဖို့အစီစဥ်မရှိဘူး ...." အက္ခရာလွန်း "ငါဘာလို့ ဖျတ်သိမ်းရမှာလဲ မင်းကိုချစ်လို့ တော့မဟုတ်ဘူးနော် မင်းကိုဒုက္ခတွေပေးခ...