"လွန်း နင့်၀တ်စုံတွေကိုဘယ်မှာကြည့်မှာလဲ"
"အဆင်ပြေတဲ့ဆိုင်တစ်ဆိုင်ပေါ့"
"ဟယ်...ကိုဘုန်းမာန်ရှိန် ဆိုင်မှာသွားမကြည့်ဘူးလား"
"သူ့ဆိုင်လား ..စိတ်ကူးနေနဲ့ဟဲ့ ... "
"သူ့ကရောလာမခေါ်ဘူးလား ဖုန်းလေးဖြစ်ဖြစ်မဆက်ဘူးလား"
"ဖုန်း အင်းသူ့ဖုန်းနံပါတ်တောင်ငါမသိဘူး"
"မိလွန်းရယ် ... ငါလည်းနင့်ကိုသူနဲ့သဘောတူတာတော့မဟုတ်ဘူး ဒါပင်မယ့် တသက်မှာတစ်မင်္ဂလာတဲ့လေ အဲ့တော့သေချာလေးတော့ စိတ်ပါ၀င်စားမူပြပါလား"
"ထက်ထက်မိုးဦး ဆိုတစ်မင်္ဂလာမကပါဘူး"
"ငါကိုကပ်မပြောနဲ့မိလွန်း"
"ထားပါ ငါ့အသိဆိုင်မှာပဲသွားကြည့်မယ် "
"အခုသွားမလား တပါတ်ခါကစေ့စပ်ပွဲဆိုတော့"
"အွန်း ....သွားလေ"
တီလေးကြောင့်သာ လွန်းလက်ခံလိုက်ရပင်မဲ့ စိတ်မပါ။အိမ်ထောင်သက်၁နှစ်ခွဲလောက်ကျရင် ကွာရှင်းဖို့ လွန်းအခုထဲကစိစဥ်ထားသည်။သူလည်းလက်ခံမှာပါလေ သူကပို၍အနှောင်အဖွဲ့ရှိသည်မဟုတ်လား။
----------
"ကိုစစ်""ဟာ... ရာရာ ပါလား ၀တ်စုံကြည့်ဖို့လား ဘယ်ပွဲလဲ"
"လွန်းရဲ့စေ့စပ်ပွဲအတွက်ကိုစစ်"
"ဘာ စေ့စပ်ပွဲ"
"ကိုစစ်ဘာဖြစ်တာလဲ"
"ဪ ... ရာရာချက်ချင်းကြီးနော်"
"ဟုတ်တယ် အိမ်ကစီစဥ်တာ လွန်းတောင်သူ့အကြောင်းသေသေချာချာမသိဘူး"
"ဘယ်သူလဲ သိလို့ရမလား"
"ဘုန်းမာန်ရှိန်လေ "
"ဘုန်းမာန်ရှိန်"
"ကိုစစ်တို့လောကကပဲ သိလား"
"သိတာပေါ့ ရင်းရင်းနှီးနှီး ကိုသိတာပေါ့"
"လွန်းအတွက်ကူညီပေးပါအုံးနော်"
"ဘာလို့... "
"ပြောလေကိုစစ်"
"ဘာမှမဟုတ်ပါဘူး ကိုယ်ကူရွေးပေးပါ့မယ်"
YOU ARE READING
မျက်ရည်များဖြင့်စီခြယ်သော
Romance"ဒီမင်္ဂလာပွဲကို ရှင်သဘောမတူနိုင်ဘူးဆို ဖျတ်သိမ်းလိုက်ပါ ကျွန်မဘက်ကတော့ စပြီး ဖျက်သိမ်းဖို့အစီစဥ်မရှိဘူး ...." အက္ခရာလွန်း "ငါဘာလို့ ဖျတ်သိမ်းရမှာလဲ မင်းကိုချစ်လို့ တော့မဟုတ်ဘူးနော် မင်းကိုဒုက္ခတွေပေးခ...