လွန်းရဲ့မြင်ကွင်းထဲကို ဘုန်းမာရှိန်ဆိုသည့်လူသားတဦး၏ ပုံရိပ်၀င်လာခဲ့သည် မိန်းကလေးများနှင့် ပူးကပ်စွာစကားပြောသောမြင်ကွင်းသည် လွန်းအတွက်ဘ၀င်မကျလှပေ သို့သော်လည်း မိမိနင့်မဆိုင်ဘူး ဟုသောအတွေးဖြင့်သာ မိတ်ဆွေများဖြင့် အလုပ်ကိစ္စသာမကလူမူရေးကိစ္စများကို ပြောဆိုနေလေသည်။
"နွေး .. "
ခပ်အေးအေး ခေါ်လိုက်သောလေသံ ထိုလေးသံကိုနွေးရင်းနှီးနေသည်။နွေးလှည့်ကြည်လိုက်မိရာ ဟုတ်ပါသည်လေ နွေးရဲ့အချစ်ဦး မတွေ့တာကြာပင်မဲ့လည်းအရင်လိုသန့်ပြန့်တုန်းပါပဲလား ဘာမှမပြောင်းခဲ့ပါ သို့သော် ပိုင့်လက်ကိုချိတ်ထားတဲ့အမျိုးသမီးတဦးပါလာသည်တော့ပြောင်းလဲသွားခဲ့ပြီ။ နွေးရင်ထဲအသံတိတ် မျက်ရည်ကျခဲ့ပြန်ပြီလေနွေးအတွက်တော့အစမ်းကြီးမဟုတ်တော့ပါ တွဲနေစဥ်ထဲကပွေရူပ်လွန်းသောပိုင့်ကြောင့် အသံတိတ်ကြေကွဲရချင်းသည် အကျင့်ဖြစ်နေပြီလေ။မမျှော်လင့်တဲ့လူကို မမျှောင်လင့်တဲ့ပုံဆန်ဖြင့် တွေ့ရသည်မှာတော့ နွေးအနည်းငယ်ခံစားရပေမဲ့သို့သော် မျက်နှာထက်ကအပြုံးရောင်ခပ်သန်သန်းဖြင့်ပြုံးပြလိုက်ပြီး
"ဪ ... ကိုပိုင်စေပါလား မတွေ့ရတာတောင်အတော်ကြာပြီပဲ "
ပိုင်စေအနည်းငယ်တော့စိတ်ထဲမကောင်းဖြစ်ရသည် သူ့ကိုစိတ်နာနေလိမ့်မည်ဟု ထင်နေသောလည်း အခုလောက်ထိသူစိမ်းစံ လိမ့်မည်ဟုထင်လိမ့်မည်တော့မမျှောင့်လင့်မိခဲ့...
"ဟုတ်တယ်နွေး ၅နှစ်လောက်ရှိပြီထင်တယ်နော် နွေးအဆင်ရောပြေရဲ့လား ကောင်လေးရနေပြီထင်တယ် ပိန်သွားတယ်နော် ကျန်းမာရေးဂရုစိုက်လေနွေး"
"စိတ်ပူပေးတာကျေးဇူးပါ ကိုပိုင်စေ ကျွန်မမှာသက်ဆိုင်သူမရှိသေးပါဘူး ကျန်းမာရေးလည်းကောင်းတဲ့အတွက် ပူစရာမလိုပါဘူးရှင့်"
ထိုစဥ် ပိုင့်လက်ကိုချိတ်ထားတဲ့အမျိုးသမီးမှ
"သက်ဆိုင်သူမရှိသေးဘူးဆိုတော့ အရင်ကသက်ဆိုင်သူကိုများ နွေးကစောင့်နေတာလားမသိဘူးနော် ဟင့် ... ဟင့် ... "
YOU ARE READING
မျက်ရည်များဖြင့်စီခြယ်သော
Romance"ဒီမင်္ဂလာပွဲကို ရှင်သဘောမတူနိုင်ဘူးဆို ဖျတ်သိမ်းလိုက်ပါ ကျွန်မဘက်ကတော့ စပြီး ဖျက်သိမ်းဖို့အစီစဥ်မရှိဘူး ...." အက္ခရာလွန်း "ငါဘာလို့ ဖျတ်သိမ်းရမှာလဲ မင်းကိုချစ်လို့ တော့မဟုတ်ဘူးနော် မင်းကိုဒုက္ခတွေပေးခ...