အချိန်တွေက တရွေ့ရွေ့ကုန်ဆုံးသွားသည် ၆လဆိုသည်အချိန်အတွင်းမှာ ဘုန်းမာန်ရှိန်သည်လည်း သူ့အလုပ်ကိစ္စများနှင့်လုံးပန်းနေသည် ။သို့သော် လွန်းဆိုသည့်အမျိုးသမီးကိုတော့ မမေ့ပေ....
"ဘုန်း"
"အော် ...ဘေးရောက်ပြီလား"
"ဟုတ်တယ်ဘုန်းးရဲ့"
"ဘေးရောက်နေတာကြာပြီ ဘုန်းကငေးနေလို့မမြင်တာ ဘယ်ကောင်မလေးကိုငေးနေတာလဲဟင်"
ချွဲပစ်ပစ်အသံနှင့် ၀တ်ရည်မေ တစ်ယောက်မေးလိုက်သည် သူသိသည် ဘုန်းမာန်ရှိန် ဆိုသည့်သူသည်ရည်းစားကိုထည်လဲတွဲတက်သည်ဆိုတာ။ဘုန်းမာန်ရှိလို ဥစ္စာပေါ၊ရုပ်ချော သည့်လူကိုလက်လွတ်မခံပါ။ထို့ကြောင့် ဘုန်းမာန်ရှိန်နှင့်သူ့ဇာတ်လမ်းကိုမြဲအောင် ဘုန်းမာရှိန်အကြိုက်နေချင်းပင်။
"မဟုတ်ပါဘူး ဘေးရာဆိုင်ကိစ္စတွေတွေးနေလို့ပါ"
ဘုန်းမာန်ရှိန် ၀တ်ရည်မေ လက်ကိုနမ်းကာပြောလိုက်သည်။အမှန်သည်တော့ လွန်းအကြောင်းတွေးနေခြင်းပင် လွန်းကိုပထမဆုံးတွေ့ခဲ့သည့် နေရာကိုငေးချင်းသာဖြစ်သည်။
၀တ်ရည်မေနှင့်လွန်ခဲ့သည့် ၄လတွင်တွေ့ခဲ့ချင်းဖြစ်သည်။မိမိဒီဇိုင်းများအတွက် မော်ဒယ်လုပ်ပေးခဲ့သည်မှစ၍နောက်ပိုင်းတွဲခဲ့ခြင်းဖြစ်သည်။
ရည်စားသက်တမ်း ၃လအတွင်း ဘုန်းမာန်ရှိန်အားလိုသည်ထက်ပို၍အခွင့်အရေးများပေးခဲ့သည်။ဘုန်းမာန်ရှိန် သိသည်ပေါ့ သူမိမိအားအခြားသော နှောင်ကြိုးများဖြင့်ချည်နှောင်နေချင်သည်ကို။"ဘေးတို့ညကျရင် clubသွားရအောင်နော်ဘုန်း"
"သွားတာပေါ့"
"ဘေးတို့သွားနေကျclubမှာည၈နာရီတွေ့မယ်နော်ဘုန်း"
"ဟုတ်ပါပြီဗျာ"
၀တ်ရည်မေ ဘုန်းမာန်ရှိန်ကို နမ်း၍ထွက်လာခဲ့သည်။ဘုန်းမာန်ရှိန်သူ့နှင့်စတွဲထဲက အသက်မပါသလိုသာပြုမူနေသည် တာ၀န်အရသည်သာဆက်ဆံသည်။ သူဘုန်းမာန်ရှိန်အား အခွင့်ရေးများပေးခဲ့သော်လည်း ဘုန်းမာန်ရှိန်သည် ပညာသားပါပါငြင်းထုတ်နိုင်ခဲ့သည်။သို့သော် ဘုန်းမာန်ရှိန် သည်သူနှင်ရည်းစားသက်တမ်းအကြာဆုံးသာဖြစ်ပြီး အခြားတယောက်ရှိနေသည့်သတင်းများမကြားသောကြောင့် သူအနည်းငယ်စိတ်အေးရသည်။
YOU ARE READING
မျက်ရည်များဖြင့်စီခြယ်သော
Romance"ဒီမင်္ဂလာပွဲကို ရှင်သဘောမတူနိုင်ဘူးဆို ဖျတ်သိမ်းလိုက်ပါ ကျွန်မဘက်ကတော့ စပြီး ဖျက်သိမ်းဖို့အစီစဥ်မရှိဘူး ...." အက္ခရာလွန်း "ငါဘာလို့ ဖျတ်သိမ်းရမှာလဲ မင်းကိုချစ်လို့ တော့မဟုတ်ဘူးနော် မင်းကိုဒုက္ခတွေပေးခ...