အပိုင်း(၁၁)

2.4K 66 2
                                    

"ခွေးသဒေါင်းစား ပြီးမှမင်းမပြောဘူး လုပ်လို့ရတော့ ငါနဲ့တွေ့မယ်"

ပြောပြီးသည်အထိမစောင့်ပဲ ဖုန်းချသွားသော သဒေါင်းစားဘုန်းမာန်ရှိန်ကို စိတ်ထဲ၌မိုးမွှန်အောင်ကျိန်ဆဲနေမိသည် ...

ဒေါက် ဒေါက်!

"၀င်ခဲ့ပါ"

"လွန်းကညနေခြံထဲမှာ မုန့််လုပ်စားမှာ မလို့ဆင်းခဲ့ပါအုံးတဲ့"

"အင်း ကိုယ်ဆင်းခဲ့မယ်နွေး"

"ဟုတ်"

နွေးကြားလိုက်သည်မှာ မှားနေမိသလားတော့မသိ ကိုဇေသုတကသူ့ကိုသူ"ကိုယ်"လို့သုံးနူန်း လိုက်သလို စိတ်ထဲ၌၀ေခွဲကခက်နေသည် အရင်ကကျွန်တော်လို့ပဲ သုံးနေကျမလား။ထိုစ်လွန်းပြောသည့်စကားကအာရုံထဲ ပြန်ပေါ်လာပြန်ပြီ
"ကိုဇေသုတက နင့်ကိုသဘောကျနေတယ်တဲ့"
မဖြစ်နိုင်တာ

"အ့"

မတွေးလွန်မလွန်လားတော့မသိ လှေကားကိုကျော်ပြီးနင်း၍ ခြေထောက်ခေါက်သွားချေပြီ

"ဟာ နွေးဘာဖြစ်တာလဲ အဆင်ပြေရဲ့လား"

"ပြေတယ်ဘာမှမဖြစ်ဘူးလွန်း ခြေထောက်ခေါက်သွားတာနဲ့တူတယ်"

"အောက်ကိုကြည့်လျောက်လေ တခုခုများဖြစ်သွားမှဖြင့် နေပါအုံး နင့်ကိုငါကြည့်နေတာ အတွေးလွန်နေတဲ့ပုံပဲ အဆင်မပြေတာရှိလို့လားနွေး"

"ဟို ...မရှိပါဘူး"

"အေးပါ ဆေးခန်းသွားမယ်ထ"

"မလိုပါဘူးအမရယ် ကျွန်မဘာမှ အ့!"

"ကဲသွားမယ်ဆို"

"မနက်မှသွားမယ်ဟာနော် ညနေစောင်းနေပြီလေ ချက်ပြုတ်ဖို့လဲအသင့်ဖြစ်နေပြီကိုနော် ဆေးခန်းသွားရင်လုပ်စားဖြစ်မံဟုတ်ဘူးဟ ကိုဇေသုတနဲ့ကိုစစ်နိုင်သစ်တို့ကိုလည်းပြောပြီးသွားပြီလေနော်"

"အေးပါ အခုတော့ငါဆေးစည်းထားပေးမယ်"

ဒီလိုလည်းလွန်းကလူကြီးဆန်တက်သေးသည် ...

----------
"ရာရာ ကိုယ်ဘာကူညီရမလဲ"

"ရတယ်ကိုစစ် "

"ပြောပါဗျာ အိမ်ရှင်ကသဘောတွေအရမ်းကောင်းနေတော့ ဧည့်သည်ဖြစ်တဲ့ ကိုယ်ကမနေတက်တော့ဘူး "

 မျက်ရည်များဖြင့်စီခြယ်သောWhere stories live. Discover now