လွန်း အိမ်ကိုသာပြန်လာလိုက်သည် စိတ်ထဲ၌လည်းတော်တော်ရှက်မိသည်။လွန်းအတွက်တော့ ထိုခံစားမူသည် တော်တော်နဲ့မပြေဖျောက်နိုင် ။စိတ်ထဲ၌လည်း ဘုန်းမာန်ရှိန် ကိုရေခွံစုတ်ပစ်ချင်လောက်အောင် ဒေါသထွက်နေသည်။သို့သောထိုည လွန်းတော်တော်နှင့်အိပ်မပျော်ပေ .....
"သမီးလွန်းအဆင်မှပြေရဲ့လား ညကလည်းနောက်ကျမှပြန်လာတယ် တီလေးကိုတောင်ပြန်လာကြောင်းမပြောဘူး ဘာပြဿနာများဖြစ်လို့လဲ"
လွန်းမနက်မိုးလင်းထဲက ညကဖြစ်ခဲ့သည့် အချင်းရာကိုမတွေးမိစေရန် လုပ်စရာရှိသည်များကိုဆက်တိုက်လုပ်နေမိသည်။သို့သော် တီလေး၏ မေးစကားကလွန်းအား ထိုကိစ္စကိုပြန်လည် တူးဖော်ပေးလိုက်ပြန်သည်။
"လွန်းမှာပြဿနာမှမရှိပါဘူး တီလေး နည်းနည်းခေါင်းမကြည်လို့ပါ"
"အေးပါ"
"မ၀ါ တီလေး ကိုဟင်း၀င်မချက်ခိုင်းနဲ့ မ၀ါပဲချက်ပါ ပြီးတော့ လွန်းအခန်းကို လွန်းပါသာပဲရှင်းမယ်လို့ စန္ဒာ ကို၀င်မရှင်းခိုင်းနဲ့ ဒီနေ့မှာထားတဲ့ ပန်းအိုးတွေလာမယ်လို ဘချို ကိုပြောထား လွန်းသွားတော့မယ် "
လွန်းသည် အိမ်တွင်လိုတာထက်ပို၍စကားမပြောတက် ကိစ္စရှိမှသာပြောသည်။အပြုံးရယ်နည်းသည်ဟုဆိုရမည် အိမ်တွင်နေသည် ရက်များ၍လည်း လွန်း၏အခန်းနှင့်စာကြည့်ခန်းတွင်သာနေဖြစ်သည် ထမင်းစားချိန် လောက်မှာသာအခန်းပြင်ထွက်မိသည်။
-----------
"လွန်းလာပြီလား"
"အင်း"
"မနေ့ညက ငါ့အမှားပါလွန်းရယ် နင့်ကိုတယောက်ထဲမထားခဲ့သင့်ဘူး"
"နင့်မနေ့ညကကိစ္စအကြောင်းပဲပြောနေရအောင်အားနေလားနွေး"
"လွန်း.. "
"လက်မှတ်ထိုးစရာစာရွက်တွေနဲ့ ဒီနေ့ဆိုဒ် ထဲပတ်ကြည့်ရမဲ့ အချိန်ဇယားငါ့ကိုပြော"
ထိုသိုပြောပြီး laptopကိုသာအာရုံထားလိုက်သည်။
နွေး လွန်းကိုခေါင်းသာခါ၍ လိုအပ်သည့်စာရွက်စာတန်းနှင့်ဖိုင်အချို့ကိုယူရန် လွန်းရုံးခန်းထဲမှ ထွက်လာလိုက်သည်။လွန်းသည်သူ့မဘယ်လောက် ပင်းပန်းပင်ပန်းအပြင်ကိုထုတ်ပြောတက်သူမပြောမဟုတ် သူမရဲ့စိတ်ခံစားမူက ထိခိုက်လွယ်ပေမဲ့ မာကျောသည့်ဟန်ပင် လွန်းပြောနေကျစကားသည်မှာ "ကိုယ့်ခံစားမူကိုထုတ်ပြလေလေ လူတွေရဲ့အနိုင်ယူခြင်းကိုခံရလေလေ"ပဲတဲ့လေ....
----------
"ဟုတ် လိုအပ်တဲ့လုပ်သားအင်အားတွေနဲ့ကုန်ကျမူစရိတ်ရဲ့ခန့်မှုန်းခြေကို ကိုနောင်တချက်လောက်တွက်ပေးအုံးဗျာနော်"
YOU ARE READING
မျက်ရည်များဖြင့်စီခြယ်သော
Romantik"ဒီမင်္ဂလာပွဲကို ရှင်သဘောမတူနိုင်ဘူးဆို ဖျတ်သိမ်းလိုက်ပါ ကျွန်မဘက်ကတော့ စပြီး ဖျက်သိမ်းဖို့အစီစဥ်မရှိဘူး ...." အက္ခရာလွန်း "ငါဘာလို့ ဖျတ်သိမ်းရမှာလဲ မင်းကိုချစ်လို့ တော့မဟုတ်ဘူးနော် မင်းကိုဒုက္ခတွေပေးခ...