အပိုင်း(၁၇)

2.8K 63 4
                                    

"ငါမနက်ဖြန် လေလံပွဲတခုကိုတက်ရမယ် "

"အင်း နင့်အတွက်အရေးကြီးတဲ့ပုံပဲ ကြူး"

"အင်း အရေးကြီးတယ် အဲ့ပွဲမှာရောင်းမဲ့ မြေနေရာကို ရမှအဆင်ပြေမယ်တဲ့ ဒေါ်လေးကအဲ့ကိစ္စပတ်သတ်ပြီးတော်တော်ကြိုးစားနေတယ် GH group ကလည်းအသည်းအသန်လိုချင်နေတယ်လို့ပြောတယ်"

"GH group ဆိုတာ GH Constructionလား "

"အင်းလေ ဒေါ်လေးကပြောတယ် သူ့အလှည့်မှာရှုံးခဲ့သမျှ ငါပြန်ယူပေးပါတဲ့ GH groupနဲ့ငါတို့ TN group ကအရင်ထဲကပြိုင်ဆိုင်နေခဲ့တာ GH group ရဲ့အရင်အုပ်ချုပ်သူက ငါ့ဒေါ်လေးနဲ့ကျောင်းနေဖက် အဲ့အုပ်ချုပ်သူကအမျိုးသမီးပဲ အခုလက်ရှိအုပ်ချုပ်နေတာက သူ့တူမလေ ငါသေချာတော့မသိသေးဘူး မနက်ကမှဒီအကြောင်းတွေ ဒေါ်လေးပြောပြတာ "

"ဪ "

သူကြူးစကားနားထောင်ရင်း သက်ပြင်းသာချမိသည် GHဆိုကတည်းက အဲ့ပွဲကိုလွန်းသွားမှာအသေချာ အဲ့ပွဲမှာရှိတဲ့မြေကွက်ကိုလွန်းကရအောင်လေလံစွဲလိမ့်မည် အဲ့ကျရင်ကြူး စိတ်မကောင်းဖြစ်နေလိမ့်မည် လွန်းလိုသန်မာသည့်အမျိုးသမီးတယောက်ကလေလံရှုံးလည်းစိတ်ထိခိုက်မှာမဟုတ်သော်လည်း ကြူးကတော့စိတ်ထိခိုက်လိမ့်မည် ပထမဆုံးလုပ်ရမည့်အလုပ်တွင်ကြူးကိုမကျရှုံးခိုင်းစေချင်ပေ လွန်းကိုထိုပွဲကိုလက်လျော့ရန် ကြိုးစားကြည့်အုံးမည် .....

----------

"အားနေရှင်ဒီအရက်တွေပဲသောက်နေတော့မှာလား "

အရက်ခွက်ကိုကိုင်ကာ ဗလာနတ္တိဖြစ်နေသည့် နံရံကိုသာငေးနေသည့် လူကတုပ်တုပ်မျှမလူပ်

"ကျွန်မမေးနေတယ်လေ အားနေအဲ့အရက်ပဲသောက်နေ စယူတဲ့နေ့ထဲက ကျွန်မစိတ်ချမ်းသာအောင်ထားခဲ့ဖူးသလား ဘာမဟုတ်တဲ့အဲ့မိန်းမကိုပဲစွဲလမ်းနေ ရှင့်ဘေးမှာရှိတဲ့ကျွန်မကိုရောလှည့်ကြည့်ဘူးခဲ့လား ရှင့်ကိုခွေးပြောပြောပြီး မောင်းထုတ်တဲ့မိန်းမကိုပဲသတိတရရှိနေတယ် ဘာမဟုတ်တဲ့မိန်းမအတွက်နဲ့ အဲ့အရက်တွေကိုသောက်နေတာ"

~ခွပ်~

အသံနှင့်အတူ ကွဲကြွေသွားတဲ့ဖန်ကွဲစများ

 မျက်ရည်များဖြင့်စီခြယ်သောWhere stories live. Discover now