အပိုင်း (၂၀)

3.7K 84 8
                                    

"ရာရာ ကိုယ်ပြန်တော့မယ် မနက်ဆေးထပ်သောက်အုံးနော် "

"ဟျောင့် ဘာလဲ ခိုးတွေ့တာလူမိတော့ရှောင်ထွက်တယ်ပေါ့"

"ကိုဘုန်းမာန်ရှိန် "

လွန်းအသံကဒေါသပါ၀င်မူအပြည့်

"မင်း လင်နာမည်ကိုအဲ့လောက်ခေါ်ရတာကြိုက်နေလား "

"ဒီမှာ ဘုန်းမာန်ရှိန် အရာရာကိုမင်းလိုတွ က်မနေနဲ့ လွန်းနောက်ကွယ်မှာ မင်းစောက်ချိုးတွေလိုမျိုးလာမထင်နဲ့  မင်းအပြောဆိုဆင်ခြင် မင်းပြောနေတာငါ့ရော ရာရာ ရောရဲ့သိက္ခာကိာဘယ်လောက်ထိခိုက်လဲဆိုတာ မင်းမသိဘူးလား ငါ့ကိုထည့်မထွက်ရင်တောင် ရာရာကိုထည့်တွက်ကွ"

စစ်နိုင်သစ်စိတ်ကိုအတက်နိုင်ဆုံးလျှော့ချပြီးပြောနေချင်းဆိုတာ ကိုင်ထားသည့်ရေသန့်ဘူးကအသိဆုံးပင် အဘယ်ကြောင့်ဆိုသော် ရေသန့်ဘူးဘ၀မှ ရေသန့်ပြားဘ၀ကိုကပြောင်းချင်ကြောင်ဖြစ်သည်

"ကိုစစ် ပြန်လိုက်ပါတော့ လိုက်ပြီရှင်းပြမနေနဲ့ "

"ဒါဆို ကိုယ်ပြန်ပြီ  ဆေးသောက်ဖို့မမေ့နဲ့"

"ဟျောင့် ငါပြောလို့မပြီးသေးဘူး"

"ရှင်ဘာပြောချင်တာလဲ မဆိုင်တဲ့လူကိုပြဿနာမရှာနဲ့ ကျွန်မနဲ့ရှင်းရမဲ့ဟာကိုကျွန်မနဲ့ပဲရှင်း"

"မင်းလူထိတော့မင်းနာတာလား "

ဖြောင်း ~

လွန်းရဲ့ခံနိုင်ရည်သည်းခံမူကဒီလောက်ထိပဲ

"မင်း ...  ငါ့ကို"

"ရိုက်လိုက်တာလေ ကျွန်မရဲ့သိက္ခာအတွက် "

"မင်း ကျစ်!"

"အာ့... ကျွန်မလက်ကိုလွက်လိုက်  ကျွန်မပြောနေတယ်လေ   အာ! "

လွန်းလက်ကောက်၀တ်ကို အကြမ်းဆွဲကိုင်ပြီးကားပေါ်ကို အရုပ်လေးတရုပ်နှယ်ပစ်တင်လိုက်သည် ထို့နောက်အိမ်သို့သာမောင်းလျှက်

"ဆင်း"

"ကျွန်မကိုမအော်နဲ့  ကျွန်မသိတယ် "

ထိုသို့ပြောပြီးအိမ်ထဲကိုသာ၀င်ပြီးအပေါ်ထပ်ကိုတက်ရန် လှေခါးအတက်တွင် နောက်မှလှမ်းဆွဲသည့်အရာမှာ

 မျက်ရည်များဖြင့်စီခြယ်သောWhere stories live. Discover now