အပိုင်း (၁၄)

2.5K 77 4
                                    

"ကြူး"

သရေသားစကပ်အတိုအညိုရောင်နှင့် အပေါ်ကကိုယ်ကျပ်အင်္ကျီအမဲရောင် ကို long code အရှည်နှင့်တွဲ၀တ်ထားသောကြူးကို သူသိပ်ရှာစရာမလို...

"မာန်နင်လာကြိုတယ်ပေါ့"

ကြူးတကယ်ကိုပျော်မိသည် မာန့်အတွက်ကြူးဟာ အခုထိအရေးပါနေသည့်အတွက် ကြူးမျှော်လင့်လို့ရသေးသည်မဟုတ်လား ....

"ဒါပေါ့ဟ...လာအထုပ်တွေငါ့ပေး "

"ငါပြောတယ်သိလား"

"ဘာလို့လဲ ဘာပျော်စရာရှိလို့လဲ"

"အင်း.... ဒီတိုင်း"

နင်ကိုပိုင်ဆိုင်ဖို့ငါဘာပဲလုပ်လုပ်ရလုပ်ရ မာန် ငါလုပ်မှာဒီတခါအမှားမခံနိုင်တော့ဘူး အခြားတယောက်ပျော်ရွှင်မူဆိုရင်တောင်မှပေါ့ .....

အများအမြင်မှာတော့တိုက်ပုံ၀တ်ထားတဲ့ကောင်လေးနဲ့စကပ်၀တ်ထားတဲ့ကောင်မလေးကအနည်းငယ် ကို့ယို့ကားယား နိုင်ပင်မဲ့အားကျဖွယ်ကောင်းတဲ့စုံတွဲလို .....

----------
မင်္ဂလာဓါတ်ပုံမရိုက်ခင်သတို့သားကထွက်သွားတော့ သတို့သမီးတယောက်ဖြစ်တဲ့လွန်းသာကျန်ခဲ့သည်....

ဓါတ်ပုံဆရာက" သတို့သားမရှိတဲ့မင်္ဂလာပွဲမျိုးအခုမှကြုံဖူးသည်"တဲ့လေ

လွန်းအပြုံးတော့မပျက်ပေ အမှားတခုကိုလုပ်ဖူးတဲ့လူက နောက်တကြိမ်ထပ်မှားဖို့ ၀န်မလေးဘူးဆိုတဲ့စကားက လွန်းအတွက်သိပ်မှန်ပေသည်။အနည်းဆုံးတော့ သူမကိုပြောသွားခဲ့သင့်သည်။

"ဦးသားအတွက်ကြောင့်ဦးတောင်းပန်ပါ" ဆိုတဲ့စကားကိုအထပ်တလှဲလှဲပြောနေသော ဦးထွန်းရှိန်ကိုတောင်လွန်းအားနာမိသည်.....

"နင်အဆင်ပြေရဲ့လားလွန်း"

နွေးတကယ်စိတ်ပူမိသည် အမြဲနွေးအား ကာကွယ်ပေးသည့်လွန်းကို နွေးစိတ်မချပေ စိတ်ညစ်တိုင်းအလုပ်ထဲအာရုံစိုက်တဲ့သူမကို ၀မ်းနည်းတိုင်း အလုပ်ထဲအရေးကြီးသည့်သူမကအခုလည်း ပွဲပြီးသည့်နှင့်ရုံးသို့တန်းလာလေသည်

"ပြေပါတယ် မပြေစရာဘာရှိလဲ"

ဒါပေါ့လွန်းဆိုတဲ့လူတယောက်အတွက်ဒီလိုကိစ္စက အရေးကြီးသည့်အရာမဟုတ်

 မျက်ရည်များဖြင့်စီခြယ်သောWhere stories live. Discover now