ပြဿနာတွေဟာ ဘယ်ကစမှန်းတောင်မသိတော့ပါ သူ့ရဲ့ဒီဇီုင်း တွေသာပေါက်ကြားသွားရင် သူနာမည်ပျက်မှာအသေချာပင်
"မိလို့ကတော့ ခွေးမသားတွေ အသေပဲ"
"ဆရာမှာထားတဲ့ Cctv recodeပါ"
"အေးထားခဲ့"
recode ကြည့်ရင်းခေါတောင်မူးချင်လာပြီ ဘာမှမတွေ့ရ
"ဟျောင့်ကောင်ခန ရပ်"
"ဟုတ်ဆရာ"
"သူကဘယ်သူလဲ "
"အသစ်ခန့်လိုက်တဲ့တစ်ယောက်ပါဆရာ"
"အသစ်ခန့်တာ"
"ဟုတ်တယ်စရာ ဆရာဆိုင်မလာတုံးက ခန့်ထားတဲ့တစ်ယောက်လေ ဆရာ"
သူလွန်းအနားမှာနေစဉ် သူ့ကိုအကူလိုတယ်လို့ပြောတုံးကအဆင်ပြေသလိုလုပ်ဖို့ပြောထား၍ကခန့်ထားတဲ့တစ်ယောက်ပဲ
"သူအခုဘယ်မှာလဲ"
"မလာဘူးဆရာ"
"ဘာ သူပါတဲ့ဟာတွေသေချာကြည့်"
"ဟုတ်"
အချိန်တခုအကြာမှာတော့တွေ့ပါပြီ သူ့ဒီဇိုင်းတွေကို ခိုးထုတ်သွားတဲ့ Recode
"သူ့cv ဖောင်ပေး"
----------
"မင်းဖြစ်နိုင်ရင် ရန်ကုန်အတွင်းမနေနဲ့"
"ဟုတ်ကဲ့ "
"ဒါမင်းအတွက် ပြောထားတာထက်ပိုပေးထားတယ်"
"ဟုတ်ကဲ့ ကျေးဇူးပါရှင် ဒီမှာ အစ်မယူထားခိုင်းတဲ့ဟာ"
"မင်းသွားလို့ရပြီ"
မာန်နင်ငါ့ဘေးကထွက်သွားလို့ရမယ်ထင်နေလား အဲ့လောက်မလွယ်ဘူး မာန် ကြူးကိုင်ထားတဲ့ဖိုင်ကိုကြည့်ရင်းပြုံးမိသည်
----------
"ဒေါ်လွန်းတို့ကတော့ မချစ်လို့ပဲနော် ချစ်များချစ်ရင်အလုပ်တောင်ထွက်မလားမသိဘူး'
"နွေး နင်ပါးစပ်ပိတ်နေနော် "
"မနွေး သွားသွားစမနေ နဲ့ မနက်ကကျွန်တော်အအော်ခံပြီးသွားလို့ စေတနာနဲ့သတိပေးတာ "
"မစပါဘူးအမှန်တိုင်းပြောတဲ့ဟာ ဟုတ်တယ်မလားနွေး..."
"မိနွေးမနင်တော်တော့နော် "
"ဟုတ်ကဲ့ပါတော်ပါ့မယ်ရှင်"
"ပြောပါတယ်သွားမစပါနဲ့ဆို"
----------
ဘုန်းမာန်အိမ်မပြန်ဖြစ်တာ ၂ရက်ခန့်ရှိပြီ ပါသွားတဲ့ပုံကြမ်းတွေမပေါက်ကြားဖို့ ဘုရားတနေမိသည် နောက်ထက်ပုံကြမ်း တွေကိုလည်းဆွဲရ အသုံးပြုမည့်ပိတ်သား အရောင် စသည်တွေကိုအစကပြန်လုပ်ရ၍ အတော်တော့ပင်ပန်းသည်။ လွန်းကိုလွမ်းပင်မဲ့ လူကအိမ် ကိုမပြန်နိုင်သေးပါ ။စာတော့ပို့ထားရသည် တော်ကြာစိတ်ကောက်နေမှ သူပို၍ချော့နေရမယ်။ထိုစဉ် ဖုန်းကောတစ်ခု
"ဟယ်လို ရှင်အဆင်ပြေရဲ့လား"
သူမရဲ့အသံကြောင့်ခနတော့တိတ်သွားသည်နှင့် ပီတိကဖြာလာသည်
"လွန်းဘယ်လိုသိတာလဲ"
"အင်း ကိုစစ်ပြောပြတာ"
"အမှန်တိုင်းပြောရရင်မပြေဘူး လွန်း ကိုယ်သိပ်ပင်ပန်းတယ် "
"အင်း ကျွန်မကူညီပေးလို့ ရမလား"
"မင်းသိထားတာတခုခုရှိလို့လား"
"မဟုတ်ပါဘူး ကျွန်မရှင့်ရုံးခန်းကိုလာလို့ရမလား"
"ဒီချိန်ကြီးလား မိုးမချုပ်ဘူးလား လွန်းရယ် ကိုယ်ကမလာစေချင်လို့ မဟုတ်ဘူးနော် စိတ်မချလို့"
'ရနာရီခွဲပဲရှိသေးတာပါ ကျွန်မခနနေထွက်လာခဲ့မယ်"
'လွန်း ကို...."
တစ်ဖက်ကချသွားတဲ့ဖုန်းကို ခပ်ပြုံးလေး ကြည့်မိသည်
-----------
NoRa
LONG TIME NO SEE......
YOU ARE READING
မျက်ရည်များဖြင့်စီခြယ်သော
Romance"ဒီမင်္ဂလာပွဲကို ရှင်သဘောမတူနိုင်ဘူးဆို ဖျတ်သိမ်းလိုက်ပါ ကျွန်မဘက်ကတော့ စပြီး ဖျက်သိမ်းဖို့အစီစဥ်မရှိဘူး ...." အက္ခရာလွန်း "ငါဘာလို့ ဖျတ်သိမ်းရမှာလဲ မင်းကိုချစ်လို့ တော့မဟုတ်ဘူးနော် မင်းကိုဒုက္ခတွေပေးခ...