အပိုင်း(၉)

2.3K 61 0
                                    

"နွေး ခနနော် သော့သွားတောင်းလိုက်ဦးလေ"

"အင်းသွားလေ"

လွန်းထွက်သွားတော့ နွေး အရှေ့ကခြံကိုအကြည့်ရောက်မိသည်

အတော်ကိုကျယ်၀န်းသည့်ခြံထဲတွင် ကြီးမာလှပသည့်အိမ်ကြီး ကနေရာယူလျက် ဘေးတွင်လည်း မြေကွက်လပ်လေးနှင့်ရေကူးကန်က အနားယူချင်စဖွယ်.... နှစ်ထပ်ဖြစ်သည့်ထိုအိမ်ကအရှေ့မျက်နှာစာ အပေါ်ထပ်ကို မှန်တွေနဲ့ကာခြားထားပြီး အိမ်နံရံတွေက အဖြူကိုသုံးထားသည်ရအိမ်ပုံစံကကြီးမားသော်လည်း ထည်၀ါသည့်ပုံထက် ချစ်စဖွယ်ဖြစ်နေသည် ။

"နွေး တံခါးလေးကူဖွင့်ပေးပါအုံ"

"ဟမ် ..အင်း အင်း"

"ရော့သော့ အိမ်တံခါးဖွင့်ထားလိုက် ငါကားခြံထဲမောင်းလာခဲ့မယ် "

"ဒါက "

"ငါတို့တည်းမဲ့အိမ်လေ"

နွေးသော့ကိုယူ၍လွန်းပြောသည့်အတိုင်း ခြံထဲ၀င်၍ အိမ်သော့ကိုဦးစွာဖွင့်ပေးလိုက်သည် ထို့နောက်အိမ်ကြီးကို မျက်စိတစ်ဆုံးကြည့်မိသည် ...

"နွေးဘာငေးနေတာလဲ"

"ဒီအိမ်က နင့်အပိုင်လား"

"အင်း အဖေ့ဘက်ကအမွေရထားတာ"

"ဒီနားကအိမ်တွေကရော ဒီလိုပဲလား"

"အင်းဟုတ်တယ် ဒီနားတိုက်ကိမ်ပုံစံတွေကခပ်ဆင်ဆင်ပဲ ဒီခြံနဲ့အိမ်ကတော့နည်းပိုကျယ်တယ်"

"လွန်း ငါအကြံတခုရပြီ"

"ငါအိမ်ထောင်ပြုရင်လေ ... "

"နင်အိမ်ထောင်ပြုရင်ဘာဖြစ်လေ"

"ပြင်ဦးလွင်သားကိုပဲပြုတော့မယ် အရေးကြီးတာကတော့ ဒီအိမ်ပတ်၀န်းကျင်ကလူကိုပဲယူမယ်"

မျက်နှာကိုခပ်တည်ထားပြောပြောလာတဲ့ နွေးကြောင့်လွန်းခတ္တ ကြောင်အသွားသည်

"နွေးဘာဖြစ်နေတာလဲ"

"ငါဒီအိမ်ပုံစံမျိုးကိုအရမ်းတွေသဘောကျနေလို့လေ"

"အမလေးမိနွေးရယ် "

ထိုသို့ပြောပြီး နှစ်ယောက်သားရယ်မိသည် ...

 မျက်ရည်များဖြင့်စီခြယ်သောWhere stories live. Discover now