မိနစ် ၂၀ လောက်အကြာတွင် ဆိုင်တစ်ဆိုင်တွင်ထိုးရပ်လိုက်လေသည်
"ဒီဆိုင်ပဲ ဒီဆိုင်က Seafood ကောင်းတယ်"
"ဪ"
တခွန်းသာခွန်းတုံ့ပြန်မိသည် ခနကြာတော့ကောင်တာမှကောင်မလေးလမ်းညွှန်သည့်အတိုင်း VIPဟုထင်ရသည့်အခန်းတခန်းကိုရောက်လာသည်
"ခနနေလာတော့မယ် ကိုယ်ကြိုတင်ပြီး bookingလုပ်ထားတယ် သိပ်စောင့်စရာမလိုပါဘူး"
အဲ့လိုပြောပြီးသိပ်မကြာခင် မှာထားတဲ့ဟင်းပွဲတွေရောက်လာသည်။ဟင်းပွဲတွေလာချတော့ Seafood ဆိုသည့်အတိုင်းအကုန် ပင်လယ်စာတွေပင် ငါးနှင့်မတည့်၍ အခြားရေနေသတ္တ၀ါကိုမှာရှောင်သည့် လွန်းကအခက်တွေ့ရပြန်သည်
"မင်းကြိုက်လောက်တယ်မလား ကိုယ့်သူငယ်ချင်းကseafoodတွေကြိုက်တော့ခနခနစားဖြစ်တယ်လေ အဲ့တော့ကိုယ်လည်းမှာနေကျပတိုင်းမှာလိုက်တာ "
"ကျွန်မက ... "
"ကိုယ်အရင်ပြောလို့ရမလား"
"အင်း ရပါတယ် ဘာများပြောမလို့လဲ"
"အကူညီတောင်းတယ်ဆိုပိုမှန်မယ် မနက်ဖြန် GRACE SUNSHINE မှာလုပ်မဲ့ လေလံပွဲမှာ သန်လျှင်ကမြေကွက်ပါမယ်ပြောတယ် အဲ့မြေကွက်ကို လက်ရှောင်ပေးပါလား"
"ကျွန်မကလား"
"ဟုတ်တယ် အဲ့မြေကွက်ကိုလက်ရှောင်လိုက်ရလို့ ဘာမှဖြစ်မသွားလောက်ပါဘူး အကယ်၍မင်းကအကျိုးမြတ်တွက် စိတ်ပူရင်..."
"ကျွန်မလက်မရှောင်နိုင်ဘူး"
"ဘာကြောင့်လဲအကျိုးမြတ်ကြောင့် ဆိုရင် မင်းကိုထိုက်သကိုထိုက် သင့်သလောက် "
"sorry ကိုဘုန်းမာန်ရှိန် ကျွန်မငြင်းပါရစေ ပြီးတော့ ကျွန်မအဲ့မြေကွက်ကို ရအောင်လေလံဆွဲမှာမို့လို့ "
"တခါတလေသူများကို ကူညီတယ်လို့သဘောလိုက်ပါလား အဲ့မြေကွက်တခုထဲနဲ့ မင်းကုမ္ဗဏီ ဒေဝါလီ မခံနိုင်ပါဘူးကွာ"
လွန်းထထွက်လာခဲ့သည် သူကနေရာတကာလိုက်ပါရအောင် သူ့နဲ့လွန်းရဲ့အခြေနေကအဲ့လောက်ထိရင်းနီးကျတာမဟုတ် အကူညီတောင်းတာကလည်း အထက်စီးလေသံ အကူညီတောင်းပြီးပါးစပ်ကငွေစကားလည်းပါသေးသည် ထိုမြေကွက်က လွန်းလက်ရှောင်မှမဟုတ်ပဲ သူ့မိတ်ဆွေကဈေးပိုပေးနိုင်မှရမည်ဆိုတာကိုမေ့နေပုံပင်
YOU ARE READING
မျက်ရည်များဖြင့်စီခြယ်သော
Romance"ဒီမင်္ဂလာပွဲကို ရှင်သဘောမတူနိုင်ဘူးဆို ဖျတ်သိမ်းလိုက်ပါ ကျွန်မဘက်ကတော့ စပြီး ဖျက်သိမ်းဖို့အစီစဥ်မရှိဘူး ...." အက္ခရာလွန်း "ငါဘာလို့ ဖျတ်သိမ်းရမှာလဲ မင်းကိုချစ်လို့ တော့မဟုတ်ဘူးနော် မင်းကိုဒုက္ခတွေပေးခ...