Zawgyi
~လေဆိပ်~
"ဂျီမင်းလေးကိုဂရုစိုက်ပေးနော် Jungkook-ah"
Jungkook ကတော့ရုပ်တည်ကြီးနဲ့ခေါင်းငုပ်ပြသည်
"လူတွေပြည့်ကျပ်နေတာပဲ ဂျီမင်းလက်ကိုကိုင်ထား"
Jimin အမေပြောတော့ Jungkook လည်းဖြည်းဖြည်းချင်း Jimin လက်ကိုကိုင်ထားလိုက်သည်
"အိုမားကလည်း.."
Jimin ဆိုသည်မှာလည်းတစ်ချိန်ထဲမှာ ပျော်သလိုလို ရှက်သလိုလို..
"ငါတို့သွားရတော့မယ်"
Jungkook ကပြောပေမယ့် စိတ်ထဲမှာတော့ Jimin နဲ့တွဲထားရသောလက်ကိုဖြုတ်ချင်နေလို့.. သူတို့နှစ်ယောက်နောက်ဆုံးလက်တွဲခဲ့တဲ့အချိန်က မင်္ဂလာဆောင်တုန်းကပဲ..
Jimin ရဲ့မိဘတွေကိုနှုတ်ဆက်ပြီးနောက် Jungkook ကလက်လွှတ်လိုက်သည် ဝမ်းနည်းဖို့ကောင်းပေမယ့် Jimin လက်ထဲမှာ Jungkook ရဲ့အငွေ့အသက်လေးတွေကျန်နေသေးသည်
လေယျာဥ်ပျံထဲနှစ်ယောက်လုံးဝင်သွားကြပြီး V.I.P ခုံတန်းမှာသွားထိုင်ကြသည် ဘယ်သူကမှစကားစမပြောရဲကြပေ.. Jimin သက်သောင့်သက်သာထိုင်ပြီးနောက် Jungkook ကဖုန်းပဲကြည့်နေတာကိုသတိထားမိသည် တံခါးမပိတ်ခင် သူ့ဖုန်းမြည်လာသည်
"အာ Yujun-ie.. ဘယ်မှာလဲ?"
*Yujun? ဒီအချိန်မှာသူကဖုန်းခေါ်တယ်?တကယ်? အာ စိတ်ပျက်ဖို့ကောင်းလိုက်တာကွာ*
"ချစ်ကဒီမှာလား? ဟုတ်ပြီ ကိုယ်လာခဲ့မယ်"
Jungkook ဖုန်းချပြီး အိတ်ကိုကိုင်နေတာတွေ့တော့
"ဘယ်သွားဖို့လဲ?"
"Yujun နားသွားထိုင်ဖို့"
သူပြောပြီးထွက်သွားသည် Jimin မျှော်လင့်ထားတဲ့ ဟန်းနီးမွန်းခရီးလေးလဲ တစစီပြိုကွဲသွားသည်
*သူကဒီမှာ? သူကလိုက်လာမှာ?*
Jimin လည်းစိတ်ညစ်ပြီးရှုံတွနေသည် အကုန်လုံးအဆင်ပြေနေတဲ့အချိန် Yujun ကဖျက်ဆီးပစ်သည်.. စိတ်မကောင်းစွာနဲ့ပဲ Jimin နဲ့ Jungkook ရဲ့ဟန်းနီးမွန်းခရီးစဥ်မှာ စိတ်ညစ်ရခြင်း..စိတ်ဆိုးရခြင်း..စိတ်ကျခြင်းတို့ဖြင့်ပဲစတင်ရလေသည်..
YOU ARE READING
V.I.P {Jikook U & Z}
Fanfictionကျွန်တော်တို့လမ်းချင်းတူရင် လူချင်းတွေ့ကြမှာပါ.. ကျွန်တော်တို့လမ်းချင်းတူရင် လူချင်းတွေ့ကြမှာပါ.. Inspire from eng fanfic ..